Connect with us

Videos

မီးသတ်သမား ၁ဝ ဦး၏ မီးငြိမ်းသတ်စွမ်းရည်နှင့်ညီမျှသည့် တရုတ်နိုင်ငံထုတ် မီးသတ်စက်ရုပ်

ရှန်ဟိုင်း၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှန်ဟိုင်းတွင် ကျင်းပလျက်ရှိသည့်နိုင်ငံတကာစက်ရုပ်များပြပွဲတွင် တရုတ်နိုင်ငံထုတ် မီးသတ်စက်ရုပ်ကိုလည်းပါဝင်ပြသထားကြောင်းသိရသည်။ ထိုမီးသတ်စက်ရုပ်တစ်ရုပ်တွင် မီးသတ်သမား ၁ဝ ဦး၏ မီးငြိမ်းသတ်စွမ်းရည်နှင့်ညီမျှသည့် မီးသတ်နိုင်စွမ်းရှိပြီး အကွာအဝေးမီတာ ၅ဝဝ သို့မဟုတ် ၁ ကီလိုမီတာခန့်မှ မီးများကိုငြှိမ်းသတ်နိုင်မည်ဟုသိရသည်။ ၎င်းတွင် အပူချိန်အာရုံခံစနစ်ကိုပါထည့်သွင်းထားပြီး မီးငြှိမ်းသတ်ရမည့်နေရာကို တိကျစွာခန့်မှန်းနိုင်သည့်အပြင် အချိန်တိုအတွင်း ထိရောက်စွာ မီးငြှိမ်းသတ်နိုင်မည်ဟုလည်းသိရသည်။ အဆိုပါ မီးသတ်စက်ရုပ်တွင် တောင်စောင်းများ၊ လှေခါးများကိုအလွယ်တကူဆင်းတက်နိုင်ကာ လမ်းတစ်လျှောက်အတားအဆီးများကိုလည်း အောင်မြင်စွာကျော်လွှားနိုင်အောင် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်ဟုဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.