Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ ဇင်ဘာဘွေနိုင်ငံသို့ စားနပ်ရိက္ခာအကူအညီ အသစ်တစ်သုတ် ပံ့ပိုး

ဟာရာရီ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဇင်ဘာဘွေနိုင်ငံသို့ တန်ချိန် ၃,၀၀၀ နီးပါးရှိသော စားနပ်ရိက္ခာအကူအညီ အသစ်တစ်သုတ် လွှဲပြောင်းပေးခြင်း အခမ်းအနားကို ဩဂုတ် ၇ ရက်က ဇင်ဘာဘွေနိုင်ငံ မြို့တော်ဟာရာရီ၌ ကျင်းပခဲ့သည်။

ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုးတိန်က အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချမှုကို မြှင့်တင်ရေးကို ကူညီရာတွင် အစဉ်တစိုက် အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအကြိမ် စားနပ်ရိက္ခာအကူအညီများသည် ဇင်ဘာဘွေနိုင်ငံအစိုးရ၏ ယမန်နှစ် မိုးခေါင်ရေရှားကပ်ဘေးအပြီးတွင် နိုင်ငံတကာစားနပ်ရိက္ခာ အကူအညီများပေးရန် တိုက်တွန်းပြောကြားချက်ကို တရုတ်နိုင်ငံက တုံ့ပြန်ပေးသည့် အဓိကအစီအမံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေ ပြည်သူ့ဝန်ဆောင်မှု၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mercy Dinha က အမှာစကားပြောကြားရာတွင် “တရုတ်နိုင်ငံက ကျွန်မတို့ရဲ့ အချိန်အခါမရွေး မိတ်ဆွေဖြစ်တယ်။ အခြေခံအဆောက်အဦ တည်ဆောက်ရေးနဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကဏ္ဍတွေမှာ ကျွန်မတို့ကို အကူအညီများစွာ ပေးပါတယ်။ ဇင်ဘာဘွေ တိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ တက်ကြွစွာ အကျိုးဆောင်ပေးမှုအပေါ် အထူးကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီအသုတ် စားနပ်ရိက္ခာတွေကို အလိုအပ်ဆုံးလူတွေ လက်ထဲရောက်ရှိရေး သေချာအောင် ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ အထူးသဖြင့် ဝေးလံခေါင်သီဒေသတွေမှာ နေထိုင်တဲ့ ကလေးသူငယ်၊ မသန်စွမ်းသူနဲ့ သက်ကြီးရွယ်အို အဘိုးအဘွား လူအုပ်စုတွေဆီကိုပေါ့” ဟု Mercy Dinha က ပြောကြားခဲ့သည်။

ယခုအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများက ဇင်ဘာဘွေနိုင်ငံရှိ ထိလွယ်ရှလွယ် အားနည်းသူ လူအုပ်စု၏ နေထိုင်မှုဘဝအတွက် အရေးကြီးတဲ့အထောက်အပံ့ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ တွင် တရုတ်နိုင်ငံမှ ဇင်ဘာဘွေနိုင်ငံသို့ စားနပ်ရိက္ခာအကူအညီ ၁၂ ကြိမ် ပံ့ပိုးပေးပြီးဖြစ်ရာ ယင်းနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ထိရောက်သော အထောက်အကူ ဖြစ်ခဲ့ကြောင်း ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)

——————–
(Chinese Version)
中国向津巴布韦提供新一批粮食援助
新华社哈拉雷8月7日电(记者许正)中国向津巴布韦提供新一批近3000吨粮食援助交接仪式7日在津首都哈拉雷举行。
中国驻津巴布韦大使周鼎在讲话中表示,中国一直致力于帮助津巴布韦提升粮食安全和减少贫困,此次粮食援助是中方响应津巴布韦政府在去年旱灾后发出的国际粮援呼吁的重要举措。
津巴布韦公共服务、劳工与社会福利部副部长默西·迪纳在讲话中说:“中国是我们全天候的朋友,在基础设施建设和农业发展等方面给予我们许多帮助,特别感谢中国为津巴布韦发展作出的积极贡献。”
“我们将确保这批粮食送到最需要的人手中,特别是那些生活在偏远地区的儿童、残疾人和老年人群体。”迪纳说,这批援助物资将为该国弱势群体的生活提供重要支持。
据中国驻津使馆介绍,过去20年,中国已为津提供12次粮食援助,有效助力该国提升粮食安全。(完)