Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ရေကြီးရေလျှံမှုအတွက် ရှီကျင့်ဖိန် အရေးကြီးညွှန်ကြားချက်ပေး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ချိန်ကွမ်းမြို့နယ် ရှင်းလုံတောင်ရွာတွင် ကန်းစု လက်နက်ကိုင်ရဲတပ်ဖွဲ့ချုပ် မိုဘိုင်းတပ်ဖွဲ့ခွဲမှ စစ်သည်အရာရှိများက ပျက်စီးနေသော သစ်ပင်အား ရွှေ့ပြောင်းနေသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် စသည့်ဒေသများတွင် ဩဂုတ် ၇ ရက်မှစ၍ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အထိ လူ ၁၀ ဦး သေဆုံး၍ ၃၃ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အထူးအလေးထား၍ အရေးကြီး ညွှန်ကြားချက်များပေးခဲ့သည်။ ၎င်းက ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် စသည့်ဒေသများတွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့ကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ အဆက်အသွယ်ပြတ်တောက်နေသူများအား အစွမ်းကုန် ရှာဖွေကယ်ဆယ်ရန်၊ ရေကြီးရေလျှံမှုအန္တရာယ်ဒဏ်ခံရသည့် ပြည်သူများကို ရွှေ့ပြောင်းနေရာချထားရန်၊ လူသေဆုံးဒဏ်ရာရမှုအား အစွမ်းကုန်လျှော့ချရန်၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးအား အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

လတ်တလော အစွန်းရောက်ရာသီဥတုများ မကြာခဏဖြစ်ပွားမှု စသည့်အခြေအနေအတွက် ဒေသနှင့် သက်ဆိုင်ရာဌာန အသီးသီးက ကျင့်သားရနေပြီဟူသော ပေါ့ဆသည့် အတွေးအခေါ်အား ခိုင်မာစွာ ကျော်လွှား ၍ ကပ်ဘေးအန္တရာယ် ကြိုတင်သတိပေးမှု လုပ်ဆောင်ချက်များအား မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကျန်ရှိနိုင်သော အန္တရာယ်အား စစ်ဆေးကုစားမှုကို မြှင့်တင်၍ အရေးပေါ်တုံ့ပြန်မှုအတွက် ဂျူတီချထားမှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်၍ ရေကြီးရေလျှံမှုကာလအား ပြည်သူများလုံခြုံဘေးကင်းစွာ ကျော်ဖြတ်မှုကို အာမခံပေးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ညွှန်ကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်ကလည်း ညွှန်ကြားချက်ပေးခဲ့ရာ ဆက်သွယ်မှုပြတ်တောက်၍ ပိတ်မိနေသူများကို အမြန်ဆုံး ရှာဖွေကယ်ဆယ်ရန်၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန် လုပ်ဆောင်ရန်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး စသည့် ပျက်စီးနေသော အဆောက်အဦများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်၊ ဘေးသင့်ပြည်သူများအား အချိန်မီရွှေ့ပြောင်းနေရာချထားရန် ညွှန်ကြားခဲ့သည်။

လက်ရှိတွင် “ဇူလိုင်လကုန်၊ ဩဂုတ်လဆန်း” ရေကြီးရေလျှံမှု ထိန်းချုပ်ခြင်း၏ အရေးကြီးကာလတွင် ရောက်ရှိနေဆဲဖြစ်ရာ တရုတ်နိုင်ငံ အမျိုးသား ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်အနေဖြင့် ဒေသအသီးသီး သက်ဆိုင်ရာဘက်အသီးသီးမှ နိုးနိုးကြားကြားရှိမှုနှင့် တာဝန်ယူဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ရန်၊ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု ကြိုတင်သတိပေးချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရင်ဆိုင်မှုအား တိုးမြှင့်ရန်၊ ထိခိုက်သေဆုံးမှုအား အတတ်နိုင်ဆုံးလျှော့ချရန် ၎င်းက ညွှန်ကြားခဲ့သည်။

ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်နှင့် လီချန်၏ တောင်းဆိုမှုအရ တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အချင်းဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လုပ်ငန်းအဖွဲ့ စေလွှတ်ခဲ့ပြီး ကန်းစုပြည်နယ် ပါတီကော်မတီမှ အဓိကတာဝန်ယူရသည့် ရဲဘော်ရဲဘက်က အချင်းဖြစ်ပွားရာနေရာတွင် ကပ်ဘေးထိန်းချုပ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းညွှန်ကြားပေးလျက်ရှိသည်။ လက်ရှိတွင် လုပ်ငန်းအသီးသီးကို စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ချိန်ကွမ်းမြို့နယ် ရှင်းလုံတောင်ရွာတွင် ကန်းစု လက်နက်ကိုင်ရဲတပ်ဖွဲ့ချုပ် မိုဘိုင်းတပ်ဖွဲ့ခွဲမှ စစ်သည်အရာရှိများက ပိတ်မိနေသော ပြည်သူများအား ရွှေ့ပြောင်းပေးနေသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် မာဖောကျေးရွာအုပ်စု ကျို့ကျွမ်းကိုးရွာတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ယာယီဖြတ်သန်းသွားလာရန်လမ်း တည်ဆောက်နေသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
习近平对甘肃兰州市榆中县山洪灾害作出重要指示强调   千方百计搜救失联人员   有针对性地做好防汛救灾各项工作 确保群众安全度汛   李强作出批示
新华社北京8月8日电 8月7日以来,甘肃兰州市榆中县等地遭遇连续强降雨引发山洪灾害,截至8日15时30分,已造成10人死亡、33人失联。
灾害发生后,中共中央总书记、国家主席、中央军委主席习近平高度重视并作出重要指示指出,甘肃兰州市榆中县等地遭遇连续强降雨引发山洪灾害,造成重大人员伤亡。当务之急要千方百计搜救失联人员,转移安置受威胁群众,最大限度减少人员伤亡,尽快恢复通讯和交通。针对近期极端天气多发等情况,各地区和有关部门要坚决克服麻痹大意思想,加强风险预报预警,加强隐患排查整治,加强应急值班值守,有针对性地做好防汛救灾各项工作,确保群众安全度汛。
中共中央政治局常委、国务院总理李强作出批示指出,要抓紧排查搜救失联被困人员,全力开展抢险救援,尽快修复通信、交通等受损设施,及时转移安置受灾群众。当前仍处“七下八上”防汛关键期,国家防总要指导各地各有关方面进一步提高警惕、落实责任,加强雨情汛情监测预警和灾害防范应对,尽最大努力减少伤亡。
根据习近平重要指示和李强要求,应急管理部派工作组到现场指导搜救工作,甘肃省委主要负责同志在现场调度指挥抢险救灾工作。目前,各项工作正在紧张有序进行中。(完)
1、8月8日,武警甘肃总队机动支队官兵在兰州市榆中县城关镇兴隆山村挪移损毁树木。新华社发(刘亚斌 摄)
2、8月8日,武警甘肃总队机动支队官兵在兰州市榆中县城关镇兴隆山村转移被困群众。新华社发(刘亚斌 摄)
3、8月8日,救援人员在兰州市榆中县马坡乡旧庄沟村架设临时通道。新华社发(刘昆 摄)