Connect with us

China

ဂေဟစီးပွားရေးစနစ် တည်ဆောက်ရန် တရုတ်နိုင်ငံ အရှိန်မြှင့်လုပ်ဆောင်နေဟု အစီရင်ခံစာ ဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေးမြို့ရှိ China Environment Valley (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၏ အချက်အချာနေရာ) အား ၂၀၂၃ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဂေဟစီးပွားရေးစနစ်တစ်ခုတည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်ကာကွယ်ရေးတိုင်အောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များနှင့် အလေးပေးမှုများကို မြှင့်တင်ပေးလာခဲ့ကြောင်း တတ်သိပညာရှင်အဖွဲ့မှ ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
“စိမ်းလန်းစိုပြေသော တောတောင်ရေမြေဖြင့် လှပသည့်ပန်းချီကားရေးဆွဲခြင်း – ဂေဟယဥ်ကျေးမှုတည်ဆောက်သည့် တရုတ်နိုင်ငံ၏ ဆန်းသစ်မှုနှင့် ကမ္ဘာ့အနက်အဓိပ္ပါယ်” ဟု ခေါင်းစဉ်ပေးထားသော အဆိုပါအစီရင်ခံစာကို ဆင်ဟွာသတင်းဌာနအောက်ရှိ တတ်သိပညာရှင်အဖွဲ့ဖြစ်သည့် ဆင်ဟွာအင်စတီကျုနှင့် ရှီကျင့်ဖိန်၏ ဂေဟယဥ်ကျေးမှု အတွေးအခေါ် သုတေသနစင်တာတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ဂေဟပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ဂေဟဗေဒဆိုင်ရာ လုပ်ဆောင်ချက်များကို ထိန်းသိမ်းခြင်းနှင့် ဂေဟဗေဒဆိုင်ရာ လျော်ကြေးပေးလျော်မှု ယန္တရားများကို အသုံးချခြင်းတို့ဖြင့် ဂေဟစနစ်ဆိုင်ရာ အရင်းအမြစ်များမှ အကျိုးကျေးဇူးများအား စီးပွားရေးအကျိုးအမြတ်များအဖြစ် ပြောင်းလဲစေသည့် ဖွံ့ဖြိုးရေးလမ်းကြောင်းတစ်ခုကို အစီအစဥ်ရေးဆွဲလိုက်ကြောင်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ဂေဟအကျိုးပြု စိုက်ပျိုးရေး၊ ဂေဟအကျိုးပြု ခရီးသွားလုပ်ငန်းနှင့် ဂေဟအကျိုးပြု စက်မှုလုပ်ငန်းတို့ အပါအဝင် ဂေဟဗေဒဆိုင်ရာ အရေးသာမှု အခြေအနေများအား အပြည့်အဝအသုံးချခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် လမ်းကြောင်းတစ်ခုကိုလည်း ရေးဆွဲထားကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အစိမ်းရောင်ချေးငွေနှင့် အစိမ်းရောင်ငွေချေးစာချုပ်များ ထုတ်ပေးခြင်းတွင် ကမ္ဘာကို ဦးဆောင်နေကြောင်းလည်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံ၏ ပြည်တွင်းနှင့်နိုင်ငံခြား အစိမ်းရောင်ချေးငွေလက်ကျန်မှာ ယွမ် ၃၆.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၃ ထရီလီယံခန့်) ရှိပြီး စုစုပေါင်းအစိမ်းရောင်ငွေချေးစာချုပ်ထုတ်ပေးမှုမှာ ယွမ် ၄.၁ ထရီလီယံကျော်ရှိကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China speeds up drive to build ecological economic system: report
BEIJING, Aug. 10 (Xinhua) — China has stepped up efforts over the past 20 years to build an ecological economic system, fostering new growth drivers and advantages for development through high-level environmental protection, according to a think tank report released on Sunday.
Titled “Lucid Waters and Lush Mountains for Beautiful China and World: China’s Ecological Civilization Concept and Practice, and How They Inspire the World,” the report was jointly released by Xinhua Institute, a think tank affiliated with Xinhua News Agency, and the Research Center for Xi Jinping Thought on Ecological Civilization.
China has charted a development path that converts the advantages of ecological resources into economic benefits by protecting the ecological environment, maintaining ecological functions, and leveraging ecological compensation mechanisms, the report said.
It added that the country has also designed a pathway to spur economic development by fully leveraging ecological advantages, including developing eco-agriculture, eco-tourism and eco-industry.
The report also noted that China leads the world in both green credit and green bond issuance.
As of the end of 2024, China’s outstanding balance of domestic and foreign currency green loans stood at 36.6 trillion yuan (about 5.13 trillion U.S. dollars), and its total green bond issuance exceeded 4.1 trillion yuan. ■

English Caption
An aerial drone photo taken on June 8, 2023 shows a view of the China Environment Valley in Hefei, east China’s Anhui Province. (Xinhua)