Connect with us

မြန်မာ-中文

အမေရိကန်-ရုရှား သမ္မတ တွေ့ဆုံဆွေးနွေးပွဲကျင်းပတော့မည့်အချိန် ဘက်ပေါင်းစုံ၏ ရပ်တည်ချက် မည်သို့ရှိသနည်း

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့ ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်ထားသည်။ ယူကရိန်းအခြေအနေနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုအကြောင်းအရာများမှာ အာရုံစိုက်ဂရုပြုဖွယ်ဖြစ်လာသည်။ ယခုရက်များတွင် ရုရှားနှင့် ယူကရိန်းတို့က ကိုယ်စီ သံတမန်ရေးလုပ်ဆောင်ဆောင်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိရာ အမေရိကန်နှင့် ဥရောပ၏ ရပ်တည်ချက်မှာလည်း ထပ်တူမကျဖြစ်ပြီး ဘက်ပေါင်းစုံက အလျင်စလို အားပြိုင်လျက်ရှိသည်။အမေရိကန် – “အစမ်းသဘောတွေ့ဆုံခြင်း”၊ နယ်မြေပိုင်နက်အရေးကိစ္စက “အချက်အချာ အကြောင်းအရင်း” ဖြစ်ခြင်း၊ ဥရောပကို ဘေးဖယ်ထားခြင်း

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ အမေရိကန်-ရုရှား အကြီးအကဲများ ပထမအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ပြင်ပလောကမှလည်း အထူးဂရုပြုလျက်ရှိကြသည်။ အမေရိကန် CNN စသည့် မီဒီယာများ၏ သတင်းဖော်ပြချက်အရ ထရမ့်၏ နောက်ဆုံး သဘောထားဖော်ပြမှုများမှာ ပြင်ပလောက၏ မျှော်လင့်ချက်ကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပုံရကြောင်း သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ပူတင်အား ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းမှာ “အစမ်းသဘော တွေ့ဆုံမှု” တစ်ကြိမ် ဖြစ်နိုင်ကြောင်း၊ ရလဒ် “ကောင်းနိုင်သလို ဆိုးနိုင်ကြောင်း”၊ သို့သော် နှစ်ဖက်အနေဖြင့် “အပြုသဘောဆောင်သည့် တွေ့ဆုံမှု” လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ထရမ့်က ဒေသစံတော်ချိန် ဩဂုတ် ၁၁ ရက်တွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား အကြီးအကဲများ တွေ့ဆုံပြီးနောက် ၎င်းအနေဖြင့် “နောက်ဆုံးတွင်” ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် ပူတင် တွေ့ဆုံဆွေးနွေးရေး စီစဉ်နိုင်ရန် မျှော်လင့်ကြောင်း၊ အကယ်၍ လိုအပ်ပါက အမေရိကန်-ရုရှား-ယူကရိန်း အကြီးအကဲများ၏ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ၍ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်နှင့် ပူတင် မတွေ့ဆုံမီ ရုရှား-ယူကရိန်း အကြီးအကဲများ၏ တိုက်ရိုက်ဆွေးနွေးမှုမှာ ထိရောက်မှုရှိမည်မဟုတ်ဟု အမေရိကန် ဒုတိယ သမ္မတ JD Vance က အမေရိကန်မီဒီယာများ၏ ဩဂုတ် ၁၀ ရက်တွင် ထုတ်လွှင့်သည့် ဗီဒီယိုတွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ထရမ့်က ဩဂုတ် ၆ ရက်တွင် ဥရောပ အကြီးအကဲများနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာ၌ ရုရှား၊ ယူကရိန်း အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ပါဝင်သူများတွင် မည်သည့် ဥရောပအကြီးအကဲမျှ မပါဝင်ကြောင်း ပြောကြားခဲ့ဖူးသည်ဟု မီဒီယာများက သတင်းဖော်ပြကြသည်။

ထရမ့်က ဥရောပကို “ယုံကြည်၍မရသူ” အဖြစ် ရှုမြင်ကြောင်း၊ ယင်းမှာ နေတိုး (NATO) အဖွဲ့အတွင်း အက်ကြောင်းများကို ပို၍ နက်ရှိုင်းစေခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် The Hill နေ့စဉ်သတင်းစာ၏ ဩဂုတ် ၁၁ ရက် သတင်းများအရ “ဇယ်လန်းစကီးရဲ့ လုပ်ပုံကိုင်ပုံများကို အလွန်သဘောမတူဘူး” ဟု ထရမ့်က ယင်းနေ့တွင် အိမ်ဖြူတော်၌ မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရသည်။ နယ်မြေပိုင်နက်အရေးကိစ္စတွင် ဇယ်လန်းစကီးက အလျှော့ပေးသင့်သည်ဟု ထရမ့်က ယူဆကြောင်း သတင်းတွင် ဖော်ပြထားသည်။

နယ်မြေပိုင်နက် အရေးကိစ္စသည် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး၏ “အချက်အချာ အကြောင်းအရင်း” ဖြစ်ကြောင်း၊ သဘောတူညီချက်ရရှိရေးအတွက် ရုရှားနှင့် ယူကရိန်းတို့က လိုက်လျောရန် လိုအပ်ကြောင်း မာကို ရူဘီယို က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား – ရေရှည် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းလမ်းကို အဓိကထား ဆွေးနွေးမည်

ရုရှားဘက်က ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်သတင်းအချက်အလက်တွင် ဩဂုတ် ၈ ရက်မှစ၍ ပူတင်သည် နိုင်ငံ ၉ နိုင်ငံ အကြီးအကဲများနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ဆွေးနွေးမှုအကြောင်းအရာများက ယူကရိန်းအခြေအနေနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားသည်။

ပူတင်နှင့် ထရမ့်သည် ယူကရိန်း အကျပ်အတည်း၏ ရေရှည် ငြိမ်းချမ်းစွာ ဖြေရှင်းရေးနည်းလမ်းကို အဓိကထားဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လာမည့် ရက်ပိုင်းတွင် နှစ်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးရေး အသေးစိတ်အစီအစဉ်အတွက် ချိတ်ဆက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ “ဒါက ပေါ့ပါးတဲ့လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ကြောင်း” Sputnik သတင်းဌာနက ရုရှား သမ္မတ လက်ထောက် Yuri Ushakov ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

မကြာမီကျင်းပတော့မည့် ရုရှား-အမေရိကန် အကြီးအကဲ တွေ့ဆုံဆွေးနွေးပွဲက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အသွင်ပြောင်းမှုအတွက် တွန်းအားသစ် ပံ့ပိုးပေးရန် မျှော်လင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov က သတင်းမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ကြောင်း ရုရှား Izvestia သတင်းစာက ဩဂုတ် ၁၂ ရက်တွင် ဖော်ပြသည့် သတင်းများအရ သိရသည်။

ရုရှား-ယူကရိန်း သမ္မတတွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်လောနှင့်စပ်လျဉ်း၍မူ ပူတင်က ၎င်းအနေဖြင့် ယေဘုယျအားဖြင့် ကန့်ကွက်မှုမရှိသည်ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတွေ့ဆုံဆွေးနွေးပွဲမှာ ဖြစ်နိုင်ကြောင်း၊ “ဒါပေမဲ့ ဒါအတွက် အခြေအနေတွေ အထိုက်အလျောက် ဖန်တီးဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ ဒီလိုအခြေအနေတွေ ဖန်တီးဖို့ အလှမ်းဝေးနေပါသေးတယ်” ဟု ဩဂုတ် ၇ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယူကရိန်း- “နယ်မြေပိုင်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း” ကို ဆန့်ကျင်

အမေရိကန်-ရုရှား သမ္မတ တွေ့ဆုံဆွေးနွေးမည့် သတင်းကြေညာချိန်မှစ၍ ဇယ်လန်းစကီးသည် ဒါဇင်နှင့်ချီရှိသော ပြည်ပနိုင်ငံ အကြီးအကဲများနှင့် ခပ်စိပ်စိပ် ဖုန်းခေါ်ဆိုမှုများပြုလုပ်ခဲ့သည်။ ယူကရိန်းသည် ရုရှား၏ ရပ်တည်ချက် ပြောင်းလဲမှုကို မမြင်ရသေးကြောင်း၊ ရုရှားဘက်က “အပစ်အခတ်ရပ်စဲရန် မလိုလားသလို ယူကရိန်းပိုင်နက်ကို အခိုင်အမာသုံး၍ ယူကရိန်းပိုင်နက်နှင့် လဲလှယ်မည့် စိတ်ကူးကို ဆက်လက်ထား” ရှိရာ ဤသို့လုပ်ဆောင်ခြင်းက ယူကရိန်းအတွက် မည်သည့်အာမခံမှ ဆောင်ကြဉ်းပေးမည်မဟုတ်ကြောင်း ဇယ်လန်းစကီးက ဖုန်းခေါ်ဆိုမှုတွင် ပြောကြားခဲ့သည်။ ယူကရိန်းသည် “တိကျပြတ်သားသော လုံခြုံရေးအာမခံချက်များ” ရှိရန် လိုအပ်ကြောင်း၊ “ယူကရိန်းပိုင်နက်ကို သုံး၍ ငြိမ်းချမ်းရေး လဲလှယ်ခြင်း” ကို ဆန့်ကျင်ကြောင်း ဇယ်လန်းစကီးက အလေးထားပြောကြားခဲ့သည်။

သို့သော် ယူကရိန်းသည် အပစ်အခတ်ရပ်စဲရန် သဘောတူနိုင်ပြီး ရုရှားဘက်က Luhansk ၊ Donetsk ၊ Zaporizhzhia ၊ Kherson နှင့် Crimean အချို့သောဒေသများ၏ ထိန်းချုပ်ခွင့် ရရှိသည်ကို တိတ်တဆိတ်အသိအမှတ်ပြုသော်လည်း ယူကရိန်းဘက်က ပိုမိုများပြားသော ပိုင်နက်များ လက်လွှတ်ရမည့် ဖြေရှင်းမှုအစီအစဉ်ကို လက်ခံမည်မဟုတ်ကြောင်း ဗြိတိန် “The Daily Telegraph” ၏ ဩဂုတ် ၁၁ ရက် သတင်းတွင် ဖော်ပြထားသည်။

ဥရောပ – ဥရောပလုံခြုံရေးနှင့်သက်ဆိုင်သည့်အတွက် ဥရောပလည်း “ဆွေးနွေးမှု စကားဝိုင်း” တွင် ပါဝင်မည်

ဥရောပဘက်ကလည်း အလားတူစွာ သံတမန်ရေးလှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့သည်။ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ အကြီးအကဲများက ဩဂုတ် ၉ ရက်တွင် ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်၍ ရပ်တည်ချက် ညှိနှိုင်းခဲ့ကြောင်း၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် ဥရောပနိုင်ငံ ၆ နိုင်ငံခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ဩဂုတ် ၉ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ယူကရိန်းအကျပ်အတည်းအတွက် မည်သည့်သံတမန်ရေးအရ ဖြေရှင်းမှုမဆို ဥရောပနှင့် ယူကရိန်း၏ အရေးပါသော လုံခြုံရေးအကျိုးစီးပွားများကို မဖြစ်မနေ ထိန်းသိမ်းကာကွယ်ရမည်ဟု တိုက်တွန်းခဲ့ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဝန်ကြီးများက ဩဂုတ် ၁၁ ရက်တွင် အရေးပေါ်အွန်လိုင်းအစည်းအဝေးပြုလုပ်၍ ရုရှားအား အရေးယူပိတ်ဆို့မှုနှင့် ယူကရိန်းထံ ပိုမိုများပြားသော စစ်ရေးအထောက်အပံ့များ ပံ့ပိုးပေးရန် ဆွေးနွေးခဲ့ကြကြောင်း၊ ဟန်ဂေရီမှလွဲ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအကြီးအကဲများက ဩဂုတ် ၁၂ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ သံတမန်ရေးအရ ဖြေရှင်းမှုအစီအစဉ်သည် ယူကရိန်းနှင့် ဥရောပလုံခြုံရေးအကျိုးစီးပွားများကို မဖြစ်မနေ ထိန်းသိမ်းကာကွယ်ရမည်ဟု ထပ်မံအလေးအနက်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂျာမနီဘက်က ဥရောပအား ဦးဆောင်ရန် စီစဉ်ထားပြီး အမေရိကန်နှင့်အတူ ဦးစွာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်သည် ထရမ့်၊ ဇယ်လန်းစကီး၊ အာဆူလာ ဗွန်ဒါလေယန်၊ နေတိုး အထွေထွေအတွင်းရေးမှူး မာ့ခ်ရူတေး၊ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမား စသည့် ဥရောပနိုင်ငံ အကြီးအကဲများအား ဖိတ်ကြား၍ ဩဂုတ် ၁၃ ရက်တွင် ဗီဒီယိုအစည်းအဝေးကျင်းပရန် စီစဉ်ထားဖွယ်ရှိပြီး ယူကရိန်းအခြေအနေဆွေးနွေးကြမည်ဖြစ်ကြောင်း ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူ Stefan Cornelius က ဩဂုတ် ၁၁ ရက်တွင် ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့် သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းအရေးကိစ္စမှာ ယူကရိန်းသာမက ဥရောပတစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
热点问答|美俄总统会晤在即 各方立场如何
新华社北京8月12日电 热点问答|美俄总统会晤在即 各方立场如何   新华社记者
美国总统特朗普与俄罗斯总统普京定于15日在美国阿拉斯加州举行会晤。乌克兰局势相关议题成为关注焦点。连日来,俄乌各自展开密集外交,美欧立场也不尽相同,各方加紧博弈。
——美国:“试探性会晤”、领土问题是“关键要素”、欧洲被排除在外
这将是2021年6月以来美俄领导人首次面对面会晤,外界高度关注。据美国有线电视新闻网等媒体报道,特朗普的最新表态似乎有意降低外界期待。
特朗普当地时间11日在白宫记者会上说,这将是一次“试探性会晤”,结果“或好或坏”,但相信双方会进行“建设性对话”。美俄领导人会晤后,他希望“最终”安排乌克兰总统泽连斯基与普京会晤,如有必要,可以举行美俄乌领导人三方会晤。
美国副总统万斯在美媒10日播出的视频采访中说,在特朗普与普京会面之前,俄乌领导人直接会谈不会有成效。
另据媒体报道,特朗普6日与欧洲领导人通电话时曾表示计划与俄乌领导人会谈,但参与者不包括任何欧洲领导人。美国《纽约时报》报道说,特朗普视欧洲为“不可信任的对象”,这加深了北约内部裂痕。
此外,据美国《国会山》日报11日报道,特朗普当天在白宫对媒体表示“非常不同意泽连斯基的做法”。报道说,特朗普认为泽连斯基应该在领土问题上作出让步。美国国务卿鲁比奥6日表示,领土问题是结束俄乌冲突的“关键要素”,为达成协议,俄乌都需要作出妥协。
——俄罗斯:将集中讨论长期和平解决方案
俄罗斯方面,克里姆林宫网站信息显示,8日以来,普京同9国领导人通电话,内容均涉及乌克兰局势。
俄罗斯卫星通讯社8日援引俄总统助理乌沙科夫的话报道,普京和特朗普将集中讨论乌克兰危机的长期和平解决方案。接下来几天,双方将就会晤具体安排进行接洽,“这不会是一个轻松的过程”。
据俄罗斯《消息报》12日报道,俄罗斯外交部副部长里亚布科夫接受媒体采访时说,希望即将举行的俄美领导人会晤为两国关系正常化提供新动力。
而关于会否举行俄乌总统会晤,普京7日对媒体说,他已多次表示总体上不反对,这一会晤是有可能的,“但为此需要创造一定的条件。很遗憾,距离创造出那些条件还差得远”。
——乌克兰:反对“领土换和平”
自美俄总统会晤消息公布以来,泽连斯基密集同十多位外国领导人通电话。泽连斯基在通话中表示,乌方并未见到俄方立场转变,俄方“仍然不想停战并且仍坚持用乌克兰领土交换乌克兰领土的想法”,这样做不会给乌克兰带来任何保障。泽连斯基强调乌克兰需要“明确的安全保障”,反对“用乌克兰领土交换和平”。
不过,英国《每日电讯报》11日报道说,乌克兰可能同意停火,并默认俄方获得卢甘斯克、顿涅茨克、扎波罗热、赫尔松以及克里米亚部分地区的控制权,但乌方不会接受放弃更多领土的解决方案。
——欧洲:事关欧洲安全,欧洲也要“上桌”
欧洲方面同样展开一系列外交动作:英法德领导人9日同泽连斯基通话协调立场;英法德等6个欧洲国家领导人和欧盟委员会主席冯德莱恩9日晚发表联合声明,呼吁任何有关乌克兰危机的外交解决方案都必须保护欧洲和乌克兰的重大安全利益;欧盟外长11日举行紧急线上会议,讨论对俄制裁和为乌提供更多军事支持;除匈牙利外,欧盟各成员国领导人12日发表联合声明,再次强调外交解决方案必须保护乌克兰和欧洲安全利益。
此外,德国方面计划牵头欧洲,同美方率先会晤。德国政府发言人斯特凡·科内柳斯11日在一份声明中说,德国总理默茨拟邀请特朗普、泽连斯基、冯德莱恩、北约秘书长吕特及法国总统马克龙和英国首相斯塔默等欧洲国家领导人于13日举行视频会议,讨论乌克兰局势。   欧盟外交与安全政策高级代表卡拉斯10日接受媒体采访时表示,美俄之间关于结束俄乌冲突的任何协议都必须将乌克兰和欧盟考虑在内,因为这事关乌克兰乃至整个欧洲安全。(完)
1. 这是8月8日美国总统特朗普在首都华盛顿白宫的照片。新华社记者 胡友松 摄
2. 5月11日,俄罗斯总统普京在莫斯科克里姆林宫举行记者见面会。新华社记者 刘恺 摄