Latin America
အမေရိကန်၏ စည်းကြပ်ခွန် သက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် “ဘရာဇီး အချုပ်အခြာအာဏာ အစီအစဉ်” ဘရာဇီး စတင်ဆောင်ရွက်

ဘရာဇီးလီးယား၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဘရာဇီးသမ္မတ လူလာက ဩဂုတ် ၁၃ ရက်တွင် “ဘရာဇီးအချုပ်အခြာအာဏာအစီအစဉ်” ကို စတင်ရန် ခွင့်ပြုခဲ့ရာ ဘရာဇီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်ရန် အမျိုးမျိုးသော အစီအမံများချမှတ်၍ အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုမှ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး မဟာဗျူဟာမြောက်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အားပေးမည်ဖြစ်သည်။
ဘရာဇီးသမ္မတအိမ်တော်မှ အဆိုပါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ဘရားဇီးအစိုးရသည် အာမခံရန်ပုံငွေအမျိုးမျိုးမှ တစ်ဆင့် စည်းကြပ်ခွန် သက်ရောက်မှုဒဏ် ခံစားနေရသည့် ကုမ္ပဏီလုပ်ငန်းများအတွက် သက်သာသည့်ချေးငွေပံ့ပိုးပေးမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများလည်း ချေးငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရသည် ပြင်းထန်စွာ ထိခိုက်ခံခဲ့သည့် ကုမ္ပဏီလုပ်ငန်းများအား ဖက်ဒရယ်အခွန်အခများ ပေးဆောင်ခြင်းကို ရွှေ့ဆိုင်းခွင့်ပြုမည်ဖြစ်ပြီး အမေရိကန်သို့ တင်ပို့ရန် မူလအစီအစဉ်ရှိသည့် ကုန်ပစ္စည်းများအပေါ် အခွန်ပြန်အမ်းကာလကို သက်တမ်းတိုးပေးကာ ကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ ရောင်းချနိုင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် အစိုးရအနေဖြင့် တင်ပို့မှုအာမခံစနစ်ကို ခေတ်မီစေရန် တွန်းအားပေးမည်ဖြစ်ပြီး အလယ်အလတ်နှင့် အဆင့်မြင့်နည်းပညာနှင့် အစိမ်းရောင်စီးပွားရေး တင်ပို့မှု ကုမ္ပဏီလုပ်ငန်းများအတွက် အာမခံပေးမှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံအနေဖြင့် အမေရိကန်၏ စည်းကြပ်ခွန် သက်ရောက်မှုဒဏ် ခံစားရသည့် ကုမ္ပဏီလုပ်ငန်းများနှင့် သက်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ၏ အလုပ်အကိုင်အခြေအနေ စောင့်ကြည့်ကွပ်ကဲရန်၊ အလုပ်သမားအခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး အားဖြည့်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်ဆုံးခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန် အမျိုးသား အလုပ်အကိုင် စောင့်ကြည့်ကွပ်ကဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဘရာဇီးသည် အမေရိကန်အပြင် အခြားသော ကုန်သွယ်ရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေပြီး အမေရိကန်ထံ တင်ပို့မှုအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အရေးကိစ္စများတွင် ပါ၀င်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းကာကွယ်ရန် ကတိကဝတ်ကို အခိုင်အမာ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။
ဘရာဇီးသည် အမေရိကန်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရန် ဆန္ဒရှိဆဲဖြစ်ပြီး နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်း၊ အလုပ်သမားနှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန် စေ့စပ်ညှိနှိုင်းမှုတစ်ဆင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။ (Xinhua)

ဘရာဇီးနိုင်ငံ မြို့တော် ဘရာဇီးလီးယားတွင် ကျင်းပသော “ဘရာဇီး အချုပ်အခြာအာဏာအစီအစဉ်” စတင်ခြင်း အခမ်းအနား၌ ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် ဘရာဇီးနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Fernando Haddad တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
巴西推出“巴西主权计划”应对美国关税影响
新华社巴西利亚8月13日电(记者吴昊)巴西总统卢拉13日批准启动“巴西主权计划”,将采取多种措施应对美国加征关税影响,并鼓励战略领域投资,以保障巴西经济发展。
根据巴西总统府当天发布的公告,巴西政府将通过多项担保基金为受美国关税影响的企业提供优惠贷款,中小型企业也可获得融资。政府将允许受损严重企业推迟缴纳联邦税款,并对原计划向美出口商品的企业延长退税期限,推动产品销往其他国家。此外,政府还将推动出口担保制度现代化,加大对中高技术和绿色经济出口企业的担保力度。
公告表示,巴西将设立国家就业监测委员会,监测受美国关税影响企业及相关供应链的就业状况,加强劳工权益保护,力争减少岗位流失。
根据公告,巴西将与美国之外的贸易伙伴加强合作,减少对美出口依赖,并通过参与世界贸易组织事务坚定履行维护多边主义的承诺。
公告重申,巴西仍愿意与美国开展建设性对话,通过谈判解决贸易争端,以维护两国企业、劳工和消费者权益。(完)
图说1:8月13日,巴西总统卢拉出席在首都巴西利亚举行的“巴西主权计划”启动仪式。新华社发(卢西奥·塔沃拉摄)
图说2:8月13日,在巴西首都巴西利亚举行的“巴西主权计划”启动仪式上,巴西总统卢拉(右)和巴西财政部长费尔南多·阿达握手。新华社发(卢西奥·塔沃拉摄)