China
သီရိလင်္ကာကျောင်းသား ၃၀ ဦး တရုတ်အစိုးရပညာသင်ဆုများ ရရှိ

ကိုလံဘို၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅-၂၀၂၆ စာသင်နှစ် တရုတ်အစိုးရပညာသင်ဆု ရရှိကြသည့် သီရိလင်္ကာကျောင်းသား ၃၀ ဦးအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီရိလင်္ကာပညာရေးနှင့် အဆင့်မြင့်ပညာရေးဒုတိယဝန်ကြီး မက်ဒူရာ ဆီနီဗီရက်သ်က သီရိလင်္ကာနိုင်ငံ၏ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာသင်ဆုအစီအစဉ်များမှတစ်ဆင့် တရုတ်နိုင်ငံအစိုးရ၏ ဆက်လက်ပံ့ပိုးကူညီနေမှုကို အလွန်ချီးကျူးဂုဏ်ပြုခဲ့သည်။
ယခုနှစ်၏ ပညာသင်ဆုများတွင် အင်ဂျင်နီယာပညာရပ်၊ ဆေးပညာနှင့် စိုက်ပျိုးရေးအပါအဝင် ပညာရပ်များစွာ ပါဝင်ကာ သီရိလင်္ကာတွင် ပညာရပ်မျိုးစုံဆိုင်ရာ အရည်အချင်းရှိသူများ ပျိုးထောင်ရေးအတွက် အရေးပါသော ပံ့ပိုးမှုကို ပေးအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများအနေဖြင့် ၎င်းတို့၏ ပညာသင်ယူမှုကို ဝီရိယရှိရှိ လေ့လာလိုက်စားကြကာ ၎င်းတို့နိုင်ငံသို့ ပြန်ရောက်ပြီးနောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပေါင်းကူးတံတားများဖြစ်လာကြရန် မျှော်လင့်ကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချီကျန့်ဟုန်ကလည်း ပညာသင်ဆုရကျောင်းသားများအား လှိုက်လှဲစွာဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံတွင် ပညာသင်ယူရန် အခွင့်အလမ်းအား တန်ဖိုးထားရန်၊ တရုတ်နိုင်ငံ၏ နှစ် ၅,၀၀၀ သက်တမ်းရှိ ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်းတွေ့ကြုံခံစားပြီး ၎င်းတို့၏ နိုင်ငံတကာအမြင်များကို ကျယ်ပြန့်စေရန်၊ ၎င်းတို့၏ အသိပညာအတတ်ပညာများကို သီရိလင်္ကာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်အကျိုးပြုရန်အတွက် ရည်ရွယ်အသုံးချရန်၊ တရုတ်နှင့် သီရိလင်္ကာအကြား ခင်မင်ရင်းနှီးမှုသံတမန်များအဖြစ် ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အခန်းသစ် ကူညီရေးသားရန် ဆုရကျောင်းသားများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
—————–
(English Version)
30 Sri Lankan students receive Chinese gov’t scholarships
COLOMBO, Aug. 14 (Xinhua) — The Chinese Embassy in Sri Lanka held an award ceremony for the 2025-2026 academic year Chinese Government Scholarship on Wednesday, with 30 Sri Lankan students receiving scholarships.
Sri Lanka’s Deputy Minister of Education and Higher Education, Madhura Senevirathne, highly praised the Chinese government’s continued support for Sri Lanka’s educational development through scholarship programs.
He said this year’s scholarships cover a wide range of disciplines, including engineering, medicine, and agriculture, providing critical support for cultivating multidisciplinary talent in Sri Lanka.
He expressed the hope that the students studying in China will diligently pursue their studies and become bridges for cooperation between the two countries upon their return.
Chinese Ambassador to Sri Lanka Qi Zhenhong extended warm congratulations to the scholarship-winning students, and encouraged them to cherish the opportunity to study in China, deeply experience China’s 5,000-year-old civilization and broaden their international horizons, aspire to use their knowledge to contribute to Sri Lanka’s development, serve as ambassadors of friendship between China and Sri Lanka, and help write a new chapter in bilateral relations. ■