Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အန်းနင်မြို့သို့ လာရောက်၍ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသည့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် ယူနန်ပြည်နယ် အန်းနင်မြို့တွင် ဩဂုတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် “ရဲဘော်ရဲဘက်များနှင့် ညီအစ်ကိုများ” အဖြစ် နက်နဲသောချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်လျက်ရှိကာ အပြန်အလှန်ကူညီပံ့ပိုးမှုအား အတူတကွ ဖော်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ကိုယ်စီနိုင်ငံရေးအခြေအနေများနှင့် ကိုက်ညီသော ဆိုရှယ်လစ်စနစ် ခေတ်မီအသွင်ပြောင်းမှုလမ်းကြောင်းအား လျှောက်လှမ်းလျက်ရှိကြကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။
ရာစုနှစ်အတွင်း မတွေ့ကြုံဖူးသော ပြောင်းလဲမှုများအကြား တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက်အရေးပါမှုရှိသည့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် အသင့်ရှိကြောင်း ဝမ်က ပြောခဲ့သည်။
ထို့ပြင် တရုတ်နှင့် ဗီယက်နမ်တို့သည် နီးကပ်သော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးရှိပြီး တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့အား ဆန့်ကျင်ရန်၊ လွတ်လပ်သောကုန်သွယ်ရေးစည်းမျဉ်းများကို ထိန်းသိမ်းခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးစနစ်အား ကာကွယ်စောင့်ရှောက်ရန် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံက လွတ်လပ်သောစီးပွားရေးစနစ် တည်ဆောက်ရေးအား အားပေးထောက်ခံပြီး တရုတ်စီးပွားရေးလုပ်ငန်းများအား ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံကြရန်နှင့် စီးပွားရေးလုပ်ကိုင်ကြရန်ကိုလည်း အားပေးတိုက်တွန်းလျက်ရှိကြောင်း ဝမ်က ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံက ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စီးပွားဖြစ်လေယာဉ် စသည့် ထွန်းသစ်စနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိုလည်း အတူတကွဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံက ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံသို့ ဝင်ရောက်ရေး၊ တရုတ်နိုင်ငံ၌ ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီများ ထူထောင်ရေးကို အဆင်ပြေချောမွေ့စေမည်ဖြစ်သလို ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော စီးပွားရေးပတ်ဝန်းကျင် ပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ဝမ်က ဆိုသည်။
(၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဗီယက်နမ်နိုင်ငံအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သော ရလဒ်များ ရရှိရန်အလို့ငှာ တရုတ်နိုင်ငံနှင့်အတူ ဒုတိယနှစ်ဝက်အတွက် အဆင့်မြင့် ကူးလူးဖလှယ်မှုများကို ကောင်းစွာစီမံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရထားလမ်းကွန်ရက်၊ တရားဥပဒေစိုးမိုးရေးလုံခြုံမှုနှင့် သိပ္ပံ-နည်းပညာ ဆန်းသစ်မှု မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး၊ နိုင်ငံစုံပလက်ဖောင်းများအရေ အချင်းချင်း အားပေးထောက်ခံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Son က ဆိုသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အန်းနင်မြို့သို့ လာရောက်၍ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသည့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

……………….
(English Version)
Chinese FM meets Vietnamese deputy PM
KUNMING, Aug. 14 (Xinhua) — Chinese Foreign Minister Wang Yi on Thursday met with Vietnamese Deputy Prime Minister and Foreign Minister Bui Thanh Son in Anning, Yunnan Province.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said China and Vietnam have stood together to provide mutual assistance, forging a profound bond as “comrades and brothers,” adding that they have embarked on a path of socialist modernization suited to their respective national conditions.
He said that amid changes unseen in a century, China stands ready to work with Vietnam to build a China-Vietnam community with a shared future that carries strategic significance.
Noting that China and Vietnam enjoy close economic and trade ties, Wang said that they should work together to oppose unilateralism and protectionism, uphold free trade rules, and safeguard the international trade system.
China supports Vietnam in building an independent economic system, and encourages Chinese enterprises to invest and do business in Vietnam, Wang said. China also stands ready to work with Vietnam to expand cooperation in emerging fields such as artificial intelligence, the digital economy and commercial aircraft.
Wang said that China will facilitate the entry of Vietnamese agricultural products into China, as well as the establishment of Vietnamese trade promotion agencies in China, and hopes Vietnam will provide a favorable business environment for Chinese enterprises.
Son, who is in China for the tenth Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting, said Vietnam stands ready to work with China to well plan high-level exchanges for the second half of the year, and enhance cooperation on trade and investment, railway connectivity, law enforcement security and sci-tech innovation, with a view to achieving more substantive outcomes.
Vietnam looks forward to maintaining strategic communication with China, enhancing solidarity and cooperation, supporting each other on multilateral platforms, and jointly safeguarding regional peace and stability, Son said.
Photo 1, 2: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Vietnamese Deputy Prime Minister and Foreign Minister Bui Thanh Son, who is in China for the tenth Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting, in Anning, southwest China’s Yunnan Province, Aug. 14, 2025. (Xinhua/Peng Yikai)