Connect with us

Politics, Law & Military

မြန်မာနိုင်ငံ မိုင်းဖြတ်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မိုင်းဖြတ်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ဩဂုတ် ၁၆ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ် ၁၄ ရက်တွင် မိုင်းဖြတ်မြို့နယ်၊ ဘူရှီးကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၄ စီးအား ရပ်တန့်စစ်ဆေးရာဆိုင်ကယ်များပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅,၆၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသော အမျိုးသား ၄ဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.