Connect with us

Myanmar

မြန်မာနိုင်ငံတွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-NDSC)

ရန်ကုန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဩဂုတ် ၁၈ ရက်) တွင် ကြေညာချက်ထုတ်ပြန်လိုက် ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနစ်) ပုဒ်မ ၃၉၉ (က) ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က)တို့အရ လွတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117