Africa & Middle East
ကင်ညာနိုင်ငံ မွမ်ဘာဆာ-နိုင်ရိုဘီရထားလမ်း ရက်ပေါင်း ၃,၀၀၀ ဘေးကင်းလုံခြုံစွာ လည်ပတ်ခဲ့

နိုင်ရိုဘီ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံတွင် ဩဂုတ် ၁၆ ရက်အထိ တရုတ်လုပ်ငန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်၍ လည်ပတ်သည့် မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ဘေးကင်းလုံခြုံစွာ လည်ပတ်နေသည်မှာ ရက်ပေါင်း ၃,၀၀၀ ရှိပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် မေ ၃၁ ရက်တွင် စတင်ပြေးဆွဲသည့်အချိန်မှစ၍ မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် စုစုပေါင်း ခရီးသွားဧည့်သည် အကြိမ်ရေ ၁၅.၉၂၈ သန်းနှင့် ကုန်ပစ္စည်း တန်ချိန် ၄၁.၉၆၃ သန်း ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း အာဖရိကကြယ်ပွင့် ရထားလမ်းလည်ပတ်မှု ကုမ္ပဏီလီမိတက် (အောက်ဖော်ပြပါသတင်းတွင် အာဖရိကကြယ်ပွင့်ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) မှ သတင်းထောက် သိရှိရသည်။
မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ကင်ညာနိုင်ငံ ဆိပ်ကမ်းမြို့ မွမ်ဘာဆာမှ စတင်၍ အနောက်ဘက်ရှိ မြို့တော် နိုင်ရိုဘီအထိဖြစ်ကာ စုစုပေါင်းအရှည် ၄၇၂ ကီလိုမီတာရှိသည်။ မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ကင်ညာနိုင်ငံ လွတ်လပ်ရပြီးနောက် တည်ဆောက်ခဲ့သည့် ပထမဆုံးရထားလမ်းဖြစ်သည့်အပြင် တရုတ်-ကင်ညာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်မှု ပူးပေါင်းဆောင်ရွက်သည့် အထင်ကရစီမံကိန်းလည်းဖြစ်သည်။ ၎င်းကို China Communications Construction Company (CCCC) လက်အောက်ရှိ China Road and Bridge Corporation မှ ဒီဇိုင်းရေးဆွဲတည်ဆောက်၍ လည်ပတ်ခြင်းဖြစ်သည်။
အဆိုပါရထားလမ်းတွင် တရုတ်နိုင်ငံ၏ စံနှုန်း၊ နည်းပညာ၊ စက်ပစ္စည်းနှင့် လည်ပတ်စီမံခန့်ခွဲမှုပုံစံကို အသုံးပြုထားသောကြောင့် ကင်ညာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ထိရောက်မှုနှုန်းအား များစွာမြှင့်တင်ပေးလိုက်ကာ လမ်းကြောင်းတစ်လျှောက် စက်မှုလုပ်ငန်း စသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးခဲ့သည်။
အာဖရိကကြယ်ပွင့် အထွေထွေမန်နေဂျာ မော့ခွန်းက တရုတ်အဖွဲ့သည် တရုတ်ရထားလမ်းစနစ်ကို အခြေခံ၍ ဒေသအလိုက် စည်းမျဉ်းစည်းကမ်းစနစ်များ ထုတ်ပြန်ကာ ပြောင်းလဲမှုအခြေအနေအရ ကောင်းမွန်လာအောင် လုပ်ဆောင်ခဲ့ကြောင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှု အချိန်မှန်လုပ်ဆောင်ခြင်းဖြင့် ဘေးကင်းလုံခြုံမှု ကာကွယ်ရေးလိုင်းအား ခိုင်မြဲစွာ တည်ဆောက်ကာ ဉာဏ်ရည်ထည့်သွင်းထားသော ကင်းလှည့်စစ်ဆေးမှု စသည့် သိပ္ပံနည်းပညာများ အသုံးပြုခြင်းဖြင့် စီမံခန့်ခွဲမှုနှင့် ထိရောက်မှုစွမ်းရည်ကို မြှင့်တင်ခဲ့ကြောင်း၊ မွမ်ဘာဆာ-နိုင်ရိုဘီရထားလမ်း တည်ဆောက်လည်ပတ်မှု လုပ်ငန်းတစ်ခုလုံးတွင် ဂေဟစနစ်အယူအဆအား လက်တွေ့ကျင့်သုံးကာ လမ်းကြောင်းတစ်လျှောက်၌ တိရစ္ဆာန်လမ်းကြောင်း၊ အပင်များ ပြန်လည်စိုက်ပျိုးရေးဇုန်တို့ ထားရှိထားသောကြောင့် ပို့ဆောင်ဆက်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတရှိစွာ နေထိုင်မှုကို ဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စီမံကိန်းတည်ဆောက်မှုနှင့် လည်ပတ်မှုကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၄,၀၀၀ ဖန်တီးခဲ့ပြီး ကင်ညာနိုင်ငံတွင် စံချိန်မီရထားလမ်း နည်းပညာဝန်ထမ်းပေါင်း ၂,၈၀၀ ခန့် ပျိုးထောင်ပေးခဲ့ကာ ဒေသတွင်း လုပ်ငန်းခွင်ဝင်မှုကို အားဖြည့်ပေးသည့်အပြင် ပရဟိတကူညီမှု၊ လူမှုအသိုက်အဝန်း အတူတကွ တည်ဆောက်မှုဖြင့် လမ်းကြောင်းတစ်လျှောက် ပြည်သူလူနေမှုဘဝအား တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပေသည်။ (Xinhua)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိ မွမ်ဘာဆာ-နိုင်ရိုဘီရထားလမ်း စက်ခန်းအတွင်း ရထားတွဲ ဆက်စပ်ပစ္စည်းများအား စစ်ဆေးပြင်ဆင်နေသည့် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
肯尼亚蒙内铁路实现安全运营3000天
新华社内罗毕8月17日电(记者严钰景)记者从非洲之星铁路运营有限责任公司(以下简称“非洲之星”)获悉,截至8月16日,由中国企业承建并运营的肯尼亚蒙内铁路已实现安全运营3000天。自2017年5月31日开通以来,蒙内铁路累计运送旅客1592.8万人次,运输货物4196.3万吨。
蒙内铁路东起肯尼亚港口城市蒙巴萨,西至首都内罗毕,全长472公里。蒙内铁路是肯尼亚独立以来建设的首条铁路,也是中肯共建“一带一路”合作的标志性项目,由中国交建下属中国路桥工程有限责任公司设计、建设并运营。这条铁路采用中国标准、技术、装备和运营管理模式,极大提升了肯尼亚的交通运输效率,拉动沿线地区工业等产业发展。
非洲之星总经理莫坤表示,中方团队以中国铁路制度为基础,因地制宜颁行规章制度并动态优化,通过定期组织设备维护筑牢安全防线,更引入智能巡检等科技手段提升管控效能。蒙内铁路建设运营全程践行生态理念,沿线设置动物通道、植被恢复区,实现运输与自然和谐相处。
据了解,项目建设和运营期间累计创造7.4万个就业岗位,培养了约2800名肯尼亚标轨铁路技术人才,助力当地就业,并通过公益帮扶、社区共建改善沿线民生。(完)
1、1月23日,维保人员在肯尼亚首都内罗毕的蒙内铁路车间检修机车。新华社记者 王冠森 摄
2、1月23日,维保人员在肯尼亚首都内罗毕的蒙内铁路车间检修机车配件。新华社记者 王冠森 摄