Connect with us

China

တရုတ်နိုင်ငံက စမ်းသပ်ရေးဂြိုဟ်တုအသစ်ကို အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ ရက်က Shiyan-28B 02 ဂြိုဟ်တု တင်ဆောင်ထားသော Long March-4C သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်စဥ် (ဆင်ဟွာ)

ရှီးချန်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်ရေးဂြိုဟ်တုအသစ်တစ်ခုကို သြဂုတ် ၁၇ ရက်၌ လွှတ်တင်ခဲ့သည်။
Shiyan-28B 02 ဂြိုဟ်တုအား Long March-4C သယ်ဆောင်သည့် ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ၎င်းစမ်းသပ်ရေးဂြိုဟ်တုမှာ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
အဆိုပါစမ်းသပ်ရေးဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စူးစမ်းလေ့လာရေးနှင့် ဆက်စပ်နည်းပညာ စမ်းသပ်မှုများအတွက် အဓိက အသုံးပြုမည်ဖြစ်သည်။
ထိုသို့လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၈၉ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)


————————–
(English Version)
China successfully launches new test satellite

XICHANG, Aug. 17 (Xinhua) — China on Sunday sent a new test satellite into space from the Xichang Satellite Launch Center in the southwestern province of Sichuan.
The Shiyan-28B 02 satellite was launched at 4:55 p.m. (Beijing Time) aboard a Long March-4C carrier rocket and entered its preset orbit successfully.
The satellite will be used mainly for space environment exploration and related technology tests.
This is the 589th flight mission of the Long March carrier rocket series. ■

English Caption
A Long March-4C carrier rocket carrying the Shiyan-28B 02 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Aug. 17, 2025. (Photo by Wang Yinjie/Xinhua)