Connect with us

Videos

တရုတ် နိုင်ငံ၏ ကိုယ်ပိုင်တီထွင်သော C-919 အကြီးစား ခရီးသည်တင် လေယာဉ် ယနေ့ ပြသ

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံမှ ကိုယ်ပိုင် တီထွင် တည်ဆောက်ခဲ့သော C-919 အကြီးစား ခရီးသည်တင် လေယာဉ်အား နိုဝင်ဘာ ၂ ရက်နေ့တွင် တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့ရှိ တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်းသုံး လေယာဉ် ကုမ္ပဏီ ၏ တည်ဆောက်ရေး ဌာနချုပ်တွင် စတင် ပြသ ခဲ့သည်။

ပထမ ဦးဆုံး တည်ဆောက်ခဲ့သည့် C-919 လေယာဉ်၏ အစိတ်အပိုင်း များနှင့် စက်ယန္တယားတို့ အား အလုံးစုံ ထုတ်ဖော်ပြသ ခဲ့ခြင်းအား ဖြင့် C-919 လေယာဉ် တည်ဆောက်မှု အပိုင်းသည် ပြီးဆုံး အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိခဲ့ရပြီး စမ်းသပ် ပျံသန်းမှု အပိုင်းသာ ကျန်ရှိကြောင်း သိရှိခဲ့ရသည်။

တရုတ် နိုင်ငံမှ C-919 လေယာဉ်အား ၂၀၀၈ ခုနှစ်တွင် စတင်၍ တည်ဆောက်မှု ဆိုင်ရာ သုတေသနများ ပြုလုပ် ခဲ့ပြီး အခြေခံပုံစံ အဆင့် ခရီးသည် ထိုင်ခုံ ၁၅၈ ခု ၊ စီးပွားရေး ပုံစံ အဆင့် ခရီးသည် ထိုင်ခုံ ၁၆၈ ခု ၊ အမြင့်ဆုံး ပုံစံအဆင့် ခရီးသည် ထိုင်ခုံ ၁၇၄ ခု ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဝေးဆုံး ပျံသန်းနိုင်သည့် ခရီးအကွာ အဝေးမှာ ၄,၀၇၅ ကီလိုမီတာ ဖြစ်ပြီး ၅,၅၅၅ ကီလိုမီတာ အထိ တိုးမြှင့် နိုင်ကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် C-919 လေယာဉ် အား ပြည်တွင်းပြည်ပ ကုမ္ပဏီ ပေါင်း ၂၁ ခု မှ စုစုပေါင်း အစင်းရေ ၅၁၇ စင်း မှာ ယူထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.