Connect with us

China

တရုတ်နည်းပညာကုမ္ပဏီက ကင်ညာနိုင်ငံတွင် ဒစ်ဂျစ်တယ်သင်ကြားရေး တိုးတက်စေရန် စမတ်စာသင်ခန်း အလုပ်ရုံဆွေးနွေးပွဲ ကြီးမှူးကျင်းပ

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ကင်ညာနိုင်ငံသား ၂၀,၀၀၀ အား အိုင်စီတီရေးရာ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ စာချုပ်စာတမ်းများကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်၌ Huawei Kenya ၏ အများပြည်သူရေးရာ ဒုတိယစီအီးအို ဖီအိုနာ ပန် (ဝဲ) နှင့် ကင်ညာအိုင်စီတီဝန်ကြီး Jerome Ochieng တို့ လက်မှတ်ရေးထိုးနေကြစဥ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နည်းပညာကုမ္ပဏီကြီး Huawei က ကင်ညာနိုင်ငံတစ်ဝန်းရှိ ချို့တဲ့သော အသိုင်းအဝိုင်းများတွင် ဒစ်ဂျစ်တယ်သင်ကြားရေးကို မြှင့်တင်ရန် KCB ဘဏ်နှင့် ပူးပေါင်း၍ ယင်းနိုင်ငံ၏ မြို့တော်နိုင်ရိုဘီတွင် စမတ်စာသင်ခန်း (Smart Classroom) အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့သည်။
တစ်ရက်ကြာ ကျင်းပသော အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အပြန်အလှန်ဖလှယ်နိုင်မှု၊ သုံးစွဲနိုင်မှုနှင့် နည်းပညာမှတစ်ဆင့် သင်ယူမှုရလဒ်တို့ကို မြှင့်တင်ရန် စီစဥ်ထားသော ဒစ်ဂျစ်တယ်ပညာရေးပလက်ဖောင်းဖြစ်သည့် Huawei Smart Classroom Solution ကို အသုံးပြုရန် စူးစမ်းလေ့လာနေကြသော ကင်ညာနိုင်ငံရှိ ကျောင်းပေါင်း ၂၀ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Smart Classroom Solution မှာ ချို့တဲ့သော အသိုင်းအဝိုင်းများအပါအဝင် နောက်ခံအခြေအနေအသီးသီးမှ ကျောင်းသားများအား ကမ္ဘာ့အဆင့်မီ သင်ကြားရေးပတ်ဝန်းကျင်များသို့ ဝင်ရောက်နိုင်စေရန်အတွက် ပညာရေးကို ဒစ်ဂျစ်တယ်စနစ်ပြုလုပ်ရန် စီစဥ်ထားခြင်းဖြစ်ကြောင်း Huawei Kenya မှ အများပြည်သူရေးရာ ဒါရိုက်တာ Maureen Mwaniki က ပြောကြားခဲ့သည်။
“Huawei မှာ နည်းပညာဟာ သာတူညီမျှဖြစ်စေတဲ့အရာတစ်ခု ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်” ဟု Mwaniki က ပြောကြားပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ ကင်ညာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်စနစ် ပါဝင်မှုကို မြှင့်တင်ရန် Huawei ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
စမတ်စာသင်ခန်း အလုပ်ရုံဆွေးနွေးပွဲက ကင်ညာနိုင်ငံ၏ စီးပွားရေးအသေးစိတ်ပုံစံ၊ ၂၀၃၀ ပြည့်နှစ်မျှော်မှန်းချက်အပြင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များစွာတို့နှင့် တိုက်ရိုက်ကိုက်ညီကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
KCB Bank ၏ အစိမ်းရောင်ဘဏ္ဍာရေးတိုးတက်ရေးလေ့လာမှုအဖွဲ့အစည်းများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဆိုင်ရာ ဆက်ဆံရေးမန်နေဂျာနှင့် SMEs ကျွမ်းကျင်သူ Virginia Mwangi က အဆိုပါအခမ်းအနားမှာ ပိုမိုပါဝင်နိုင်ကာ အနာဂတ်အဆင်သင့်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းဖြင့် စွမ်းဆောင်နိုင်သော သင်ယူသူမျိုးဆက်သစ်များကို တည်ဆောက်ခြင်းဖြင့် ကင်ညာနိုင်ငံ၏ ပညာရေးအခင်းအကျင်းအား ပြန်လည်ပုံဖော်ရန် စမတ်စာသင်ခန်းများ၏ စွမ်းအားကို အားဖြည့်ပေးကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် ပညာရေးကဏ္ဍတွင် အပြောင်းအလဲအတွက် အထောက်အကူဖြစ်စေသည့် နည်းပညာအား အသုံးချခြင်း၏ အရေးကြီးပုံကို Mwangi က အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
—————-
(English Version)
Chinese tech firm hosts smart classroom workshop to advance digital learning in Kenya

NAIROBI, Aug. 19 (Xinhua) — Chinese technology giant Huawei, in partnership with KCB Bank, hosted a Smart Classroom Workshop in the Kenyan capital of Nairobi on Tuesday to promote digital learning in underserved communities across the East African country.
The day-long event brought together representatives from 20 schools in Kenya who are exploring the adoption of the Huawei Smart Classroom Solution, a digital education platform designed to enhance interactivity, accessibility, and learning outcomes through technology.
Maureen Mwaniki, public affairs director at Huawei Kenya, said the Smart Classroom Solution is designed to digitize education to ensure students from all backgrounds, including underserved communities, have access to world-class learning environments.
“At Huawei, we believe technology should be an equalizer,” Mwaniki said, adding that the workshop is part of Huawei’s wider efforts to foster digital inclusion in Kenya’s education sector.
She revealed that the Smart Classroom Workshop is directly aligned with Kenya’s economic blueprint, Vision 2030, as well as several of the United Nations Sustainable Development Goals.
Virginia Mwangi, small and medium enterprises (SMEs) specialist and relationship manager for SMEs and learning institutes advancing green finance at KCB Bank, said the event reinforced the power of smart classrooms to reshape Kenya’s education landscape through building a more inclusive, future-ready, and digitally empowered generation of learners.
Mwangi emphasized the importance of leveraging technology as a catalyst for change, particularly in the education sector. ■

English Caption
Fiona Pan (L), Huawei Kenya Deputy CEO for Public Affairs and Jerome Ochieng (R), ICT Principal Secretary, signed documents for the training of 20,000 Kenyans on ICT in Nairobi on March 25, 2022. (Xinhua/Charles Onyango)