Connect with us

China

ရှီကျင့်ဖိန်က ရှီးဇန့် တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၊ ဝမ်ဟုနင်၊ ချိုက်ချီတို့ လက်ခံတွေ့ဆုံပွဲတွင် ပါဝင်ခဲ့

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့် တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

လားဆ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှီးဇန့် တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ပါတီ ဗဟိုကော်မတီ ကိုယ်စား ရှီးဇန့်တိုင်းရင်းသားအသီးသီး သားသမီးများအား ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အားလုံးအနေဖြင့် ဆက်လက်၍ စိတ်တူကိုယ်တူ၊ သွေးစည်းညီညွတ်ကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းသည့် တောက်ပသာယာသော ဆီးနှင်းတို့၏မြေ ဟူသော အခန်းကဏ္ဍကို အတူတကွ ရေးဆွဲသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရှီကျင့်ဖိန် တို့ ရောက်ရှိလာချိန်တွင် အခမ်းအနားတစ်ခုလုံး တစ်ခဲနက်လက်ခုပ်ဩဘာသံများ အချိန်ကြာမြင့်စွာ ပေါ်ထွက်လာခဲ့သည်။ ရှီကျင့်ဖိန်က အားလုံးကို လက်ပြနှုတ်ဆက်ကာ မကြာခဏဆိုသလို ကိုယ်စားလှယ်များနှင့် ရင်းနှီးစွာ ဖလှယ်ခဲ့ပြီး အားလုံးနှင့်အတူ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

ရှီကျင့်ဖိန်သည် ရှီးဇန့်ဒေသသို့ လာရောက်အကူအညီပေးသော ကေဒါကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာဌာန၊ ဒေသအသီးသီး မြို့ပြတာဝန်ရှိ ရဲဘော်များနှင့် ရဲဘော်ဟောင်း ကိုယ်စားလှယ်များ၊ တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ၊ သာသနာ့အသိုက်အဝန်းမှ မျိုးချစ်ပုဂ္ဂိုလ်များနှင့် ကျောင်းတော်စီမံခန့်ခွဲရေးကော်မတီ ကေဒါ ကိုယ်စားလှယ်များအား သီးခြားစီ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် ရှီကျင့်ဖန်သည် လားဆ အခြေစိုက်တပ်ဖွဲ့ ဗိုလ်မှူးကြီးအဆင့်နှင့်အထက် တပ်မတော်အရာရှိများနှင့် အခြေခံအဆင့် စံပြပုဂ္ဂိုလ်အချို့၊ အရပ်ဘက်ဝန်ထမ်းများကို ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ရာ ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား ရှီးဇန့်အခြေစိုက်တပ်ဖွဲ့တစ်ဖွဲ့လုံး၏ အရာရှိစစ်သည်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

သက်ဆိုင်ရာ လက်ခံတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ဟုနင်၊ ချိုက်ချီ၊ လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ကျန်းကော်ချင်း၊ ဝမ်ရှောင်ဟုန်၊ လော့ဆန်းကျန်းချွမ်း၊ ဟူချွမ်းဟွာ၊ ဖာ့ပါးလား ကယ်လျဲ့လန်ကျယ်နှင့် ကျန်းစိန်းမင်၊ ရှီးဇန့်၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရဲဘော်ဟောင်းများ၊ ဗဟိုနှင့် နိုင်ငံတော်ဌာနဆိုင်ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိရဲဘော်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့်အခြေစိုက်တပ်ဖွဲ့ဝင် အရာရှိစစ်သည်ကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့်သို့ လာရောက်အကူအညီပေးသော ကေဒါကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာဌာန၊ ဒေသအသီးသီး မြို့ပြတာဝန်ရှိ ရဲဘော်များနှင့် ရဲဘော်ဟောင်း ကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာ့အသိုက်အဝန်းမှ မျိုးချစ်ပုဂ္ဂိုလ်များနှင့် ကျောင်းတော်စီမံခန့်ခွဲရေးကော်မတီ ကေဒါ ကိုယ်စားလှယ်များအား တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် ရင်းနှီးနွေးထွေးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

————————
(Chinese Version)
习近平接见西藏各族各界代表   王沪宁蔡奇参加接见
新华社拉萨8月20日电 中共中央总书记、国家主席、中央军委主席习近平20日下午接见西藏各族各界代表,代表党中央向西藏各族儿女致以诚挚问候和衷心祝愿,希望大家继续同心协力、团结奋斗,共同谱写中国式现代化的绚丽雪域篇章。
习近平等来到接见现场时,全场响起长时间热烈掌声。习近平向大家挥手致意,不时同代表亲切交流,并同大家合影留念。
习近平还分别亲切接见了援藏干部代表,自治区及有关部门、各地市负责同志和老同志代表,政法干警代表,宗教界爱国人士和寺管会干部代表。
当天下午,习近平亲切接见了驻拉萨部队上校以上领导干部和部分基层先进模范、文职人员,代表党中央和中央军委向驻西藏部队全体官兵致以诚挚问候,并同大家合影留念。
王沪宁、蔡奇、李干杰、何立峰、张国清、王小洪、洛桑江村、胡春华、帕巴拉·格列朗杰和张升民,在西藏工作过的老同志,中央和国家机关有关部门负责同志等参加有关接见。(完)
1. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见西藏各族各界代表,并同大家合影留念。 新华社记者 燕雁 摄
2. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见驻西藏部队官兵代表,并同大家合影留念。 新华社记者 李刚 摄
3. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见援藏干部代表,并同大家合影留念。 新华社记者 李响 摄
4. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见西藏自治区及有关部门、各地市负责同志和老同志代表,并同大家合影留念。 新华社记者 燕雁 摄
5. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见西藏自治区政法干警代表,并同大家合影留念。 新华社记者 殷博古 摄
6. 8月20日下午,中共中央总书记、国家主席、中央军委主席习近平在拉萨亲切接见西藏自治区宗教界爱国人士和寺管会干部代表,并同大家合影留念。 新华社记者 李响 摄