Media
သမ္မတရှီက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းနေ့ စစ်ရေးပြအခမ်းအနား၌ ချန်အန်းလမ်းတစ်လျှောက် စုဖွဲ့နေရာယူမည့် စစ်ရေးပြ စစ်ကြောင်းများကို လှည့်လည်စစ်ဆေးမည်
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
မကြာမီကျင်းပမည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းနေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ကာ စစ်ရေးပြချီတက်မည့် တပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ချန်အန်းလမ်းတစ်လျှောက်၌ စစ်ကြောင်းများအလိုက် စုဖွဲ့နေရာယူမည်ဖြစ်ကာ ယင်းစစ်ရေးပြအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ စစ်ကြောင်းများကို လှည့်လည်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မိနစ် ၇၀ နီးပါး ကြာမြင့်မည့် ကြီးကျယ်ခမ်းနားသော အဆိုပါ စစ်ရေးပြအခမ်းအနား၌ စစ်ကြောင်းနှင့် စုဖွဲ့မှုပုံစံပေါင်း ၄၅ ခု ပါဝင်မည်ဖြစ်ကြောင်း ဩဂုတ် ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ပူးတွဲကွပ်ကဲရေးဌာနချုပ်မှ အကြီးတန်းအရာရှိ ဝူကျယ်ခဲက ပြောကြားခဲ့ကာ စက်တင်ဘာ ၃ ရက် စစ်ရေးပြအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ကြေညာခဲ့သည်။
စစ်ရေးပြချီတက်နေစဉ်အတွင်း အလံတော်အား လေကြောင်းမှ သယ်ဆောင်ကာကွယ်သည့် အခင်းအကျင်းပုံစံများ၊ ခြေလျင် အခင်းအကျင်းပုံစံများ၊ တိုက်ပွဲအလံပုံဖော်သည့် အခင်းအကျင်းပုံစံများ၊ စစ်လက်နက်များ ပါဝင်သည့် စစ်ကြောင်းများနှင့် ဝေဟင်မှ အခင်းအကျင်းပုံစံများဖြင့် ထျန်းအန်းမင်ရင်ပြင်တစ်လျှောက် မြေပြင်နှင့် ဝေဟင်တို့မှ ဖြတ်သန်းချီတက်မည်ဖြစ်ကြောင်း ဝူက ဆိုသည်။
လက်ရှိတွင် စစ်ရေးပြအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှု အားလုံးမှာ အခြေခံအားဖြင့် ပြီးမြောက်နေပြီဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Xi to review troop formations lining up along Chang’an Avenue during V-Day parade
BEIJING, Aug. 20 (Xinhua) — Troops participating in the upcoming V-Day parade will line up in formations along the Chang’an Avenue in Beijing, and they will be reviewed by President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission.
A total of 45 formations and echelons will be involved in the grand parade, which will last for approximately 70 minutes, said Wu Zeke, a senior officer of the Joint Staff Department of the Central Military Commission, at a press conference on Wednesday to outline preparations for the parade on Sept. 3.
During the parade march-past, airborne flag-guarding echelons, foot formations, battle flag formations, armament columns and aerial echelons will pass through or fly across Tian’anmen Square in order, according to Wu.
Currently, all parade preparations have been basically completed, the military officer said. ■