Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင် လှုပ်ရှား

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သြဂုတ်လ ၂၁ ရက် နံနက် ၉ နာရီ ၂၈ မိနစ်ခန့်တွင် အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင် လှုပ်ရှားမှု ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိကြောင်း ဖော်ပြထားသည်။ ရန်ကုန်မြို့ရှိ နေထိုင်သူများက အဆိုပါ ငလျင်လှုပ်ရှားမှုကို သိသာစွာ ခံစားရကြောင်း လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117