Connect with us

China

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကထွက်ရာ ဆန်းရှီးတွင် ကျောက်မီးသွေးကုန်ကြမ်းထုတ်လုပ်မှု မြင့်တက်

တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ယန်ချွမ်မြို့ ဟွာယန် အမှတ် ၂ ကျောက်မီးသွေးတွင်း ဧရိယာကို ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ကျောက်မီးသွေးအဓိကထွက်ရှိရာ ဆန်းရှီးပြည်နယ်တွင် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လအတွင်း ကျောက်မီးသွေးကုန်ကြမ်း တန်ချိန် ၇၅၆.၄၄ သန်း ထုတ်လုပ်ခဲ့ရာ ယမန်နှစ်ကာလတူကထက် ၇.၂ ရာခိုင်နှုန်း တိုး လာကြောင်း ဒေသတာဝန်ရှိသူများအဆိုအရ သိရသည်။
တရုတ်နိုင်ငံ၏ အဓိက ကျောက်မီးသွေးထုတ်လုပ်ရာ ဆန်းရှီးပြည်နယ်သည် အဆိုပါကာလအတွင်း တရုတ်နိုင်ငံ စုစုပေါင်း ထွက်ရှိမှု၏ ၂၇.၂ ရာခိုင်နှုန်းကို ထောက်ကူခဲ့ကြောင်း ပြည်နယ်စာရင်းအင်းဗျူရိုက ပြောကြားခဲ့သည်။
အဆိုပါထုတ်လုပ်မှုကိုထောက်ပံ့ပေးခဲ့သည့် တရုတ်နိုင်ငံမြောက်ပိုင်း အဓိက ကျောက်မီးသွေး သယ်ယူပို့ဆောင် ရေးလမ်းကြောင်းဖြစ်သည့် Daqin ရထားလမ်းမှ သြဂုတ် ၁၄ ရက်အထိ တိုးမြှင့်ပို့ဆောင်ပေးခဲ့သည့် ကုန် စည် စုစုပေါင်းမှာ တန်ချိန် ၉ ဘီလီယံ ရှိပြီး တရုတ်နိုင်ငံ ရထားလမ်းပိုင်း ကျောက်မီးသွေးသယ်ယူမှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ရှိကြောင်း သိရသည်။
ဆန်းရှီးပြည်နယ် တာ့ထုန် နှင့် ဟဲပေပြည်နယ် ချင်ဟွမ်သောင်ဆိပ်ကမ်းကို ဆက်သွယ်ထားသည့် ၆၅၃ ကီလို မီတာ အရှည်ရှိ အဆိုပါရထားလမ်းကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဆန်းရှီး၊ ဆန်ရှီးနှင့် အတွင်းမွန်ဂိုးလီးယားအနောက်ပိုင်း တို့မှ အရှေ့ပိုင်း စက်မှုဗဟိုချက်မြို့များသို့ ကျောက်မီး သွေးပို့ဆောင်ပေးလျက်ရှိသည်။
သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် အကုန်က ထုတ်ပြန်ချက်တစ်စောင်အရ နိုင်ငံ၏ စုစုပေါင်း ကျောက်မီးသွေးအရန်သိုလှောင်မှု စုစုပေါင်း တန်ချိန် ၂၀၇ ဘီလီယံ ရှိပြီး ဆန်းရှီးပြည်နယ်တွင် တန်ချိန် ၄၈.၃ ဘီလီယံ ဝန်းကျင် ရှိကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
China’s coal hub Shanxi reports rising raw coal output
TAIYUAN, Aug. 21 (Xinhua) — China’s coal-rich province of Shanxi reported 756.44 million tonnes of raw coal production in the first seven months of 2025, marking a 7.2 percent year-on-year increase, according to local authorities.
As the country’s top coal producer, Shanxi contributed 27.2 percent of China’s total output during this period, said the provincial statistics bureau.
Supporting this production, Daqin Railway — a critical coal transport artery in northern China — achieved 9 billion tonnes in cumulative freight volume by Thursday. It handles about one-fifth of China’s total railway coal transportation volume.
The 653-km railway, operational since Dec. 28, 1988, connects Shanxi’s Datong with Hebei’s Qinhuangdao port, facilitating coal shipments from Shanxi, Shaanxi, and western Inner Mongolia to eastern industrial hubs.
According to a report released by the Ministry of Natural Resources, by the end of 2022, the country’s total coal reserves reached 207 billion tonnes, with Shanxi holding around 48.3 billion tonnes of these reserves.
Photo : This photo taken on Aug. 1, 2024 shows the working area of the Huayang No. 2 Coal Mine in Yangquan City, north China’s Shanxi Province. (Xinhua/Li Xin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.