Media
စွန့်ပစ်အုန်းမှုတ်ခွက်များမှ တန်ဖိုးမြင့် အသုံးအဆောင် ပစ္စည်းများအဖြစ် ဖန်တီးထုတ်လုပ်
ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
စွန့်ပစ်ပစ္စည်းများဖြစ်သော အုန်းမှုတ်ခွက် အခြမ်းများကို အတွင်းအပြင် အချောသတ်ပြီး လိုချင်သည့် ဒီဇိုင်းရအောင် ခဲသားနှင့် အရာပေး ပုံကြမ်းဆွဲရပါသည်။ ထို့နောက် ထုတ်လုပ်မည့် အုန်းခွံကို လိုချင်သည့် ပစ္စည်းပုံစံအကြမ်းထည် ပုံဖော်ပြီးပါက စက်နှင့် ဖြတ်တောက်ခြင်း၊ အပေါက်ဖောက်ခြင်းတို့ကို အဆင့်ဆင့် ပြုလုပ်ရပါသည်။ ယင်းနောက် မျက်နှာပြင် ချောမွတ်ညီညာအောင် ကော်ပတ်စား အချောသပ်၊ အရောင်တင်ပြီးပါက ဈေးကွက်ဝင် အုန်းမှုတ်ခွက် လက်မှုပစ္စည်းများအဖြစ် ရောင်းတန်းဝင်ပြီ ဖြစ်ပါသည်။ မီးအိမ်၊ နာရီ၊ သော့ချိတ်၊ လက်ကောက်၊ လက်စွပ်၊ ပန်းအိုး၊ ခွက်၊ ရေနွေးအိုး၊ ပန်းကန်၊ အရုပ်၊ ပိုက်ဆံအိတ် စသည့် အုန်းမှုတ်ခွက် လက်မှုပစ္စည်း အမျိုးမျိုးကို စိတ်ကူးပုံဖော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ (Xinhua)