Connect with us

China

ဇီဝဆေးပညာလုပ်ငန်း အားပေးမြှင့်တင်ရေးအတွက် သိပ္ပံနှင့်နည်းပညာနှင့် မူဝါဒပိုင်း ပံ့ပိုးမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ နိုင်ငံတကာ တီထွင်ဆန်းသစ်မှုစင်တာတစ်ခုသို့ သွားရောက်ကြည့်ရှု လေ့လာနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဇီဝဆေးပညာလုပ်ငန်း အဆင့်မြှင့်တင်မှုအား အထောက်အကူပေးရန်နှင့် အရည်အသွေး မြှင့်တင်ရန်အတွက် အရည်အသွေးမြင့် သိပ္ပံနှင့်နည်းပညာဖြင့် အားဖြည့်ပံ့ပိုးမှု၊ မူဝါဒပိုင်းအရ ပံ့ပိုးမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဩဂုတ် ၂၀ ရက်၌ တိုက်တွန်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ လီက တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ လေ့လာစစ်ဆေးရေးခရီးစဉ် သွားရောက်စဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ချန်းဖိန် ဓာတ်ခွဲခန်းသို့ သွားရောက်ကြည့်ရှုလေ့လာစဉ်အတွင်း လီက နိုင်ငံတကာတွင် ထိပ်တန်း‌သို့ ရောက်ရှိရေးအတွက် အလေးထားလုပ်ဆောင်ရေး၊ အဓိကကျသော မူလအကျိုးကျေးဇူးများကို ပိုမိုဖန်တီးနိုင်ရေး၊ သက်ရှိများအကြောင်း လေ့လာသော ဘာသာရပ်များတွင် ကျွမ်းကျင်မှု ပိုမိုမြင့်မားလာအောင် ပျိုးထောင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ သို့မှသာ တရုတ်နိုင်ငံ၏ ဇီဝဆေးပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံစနစ်များကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုနှင့် နိုင်ငံတကာ တီထွင်ဆန်းသစ်မှု စင်တာတစ်ခုသို့ သွားရောက်လေ့လာစဉ်အတွင်း လီက ပြည်တွင်းကုမ္ပဏီများအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရေး၊ ယင်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေးအတွက် တိုက်တွန်းအားပေးရန် အရေးကြီးကြောင်း၊ နိုင်ငံ၏ အခြေခံပလက်ဖောင်း တည်ဆောက်မှုနှင့် လုပ်ငန်းလည်ပတ်မှု စံနမူနာတို့ကို အထိရောက်ဆုံးဖြစ်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း လီက အလေးအနက်ပြောကြားခဲ့သည်။
ထို့နောက် နှီးနှောဖလှယ်ပွဲတစ်ခုသို့ တက်ရောက်ရာတွင် လီက အဓိကနယ်ပယ်များတွင် ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုနှင့် အဓိကကျသော နည်းပညာနယ်ပယ်များတွင် တိုးတက်မှုများကို မြှင့်တင်နိုင်ရေး၊ ကျယ်ပြန့်သော ဉာဏ်ရည်တုနည်းပညာ အားဖြည့်ပံ့ပိုးမှုဖြင့် ယင်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းသွားကြရန် လီက တိုက်တွန်းခဲ့သည်။
ထို့အတူ အရည်အသွေးမြင့်မား၍ ဆန်းသစ်တီထွင်ထားသော ဆေးဝါးများ အသုံးပြုခြင်းအတွက် ပိုမိုထိရောက်စွာ လမ်းညွှန်မှုပေးရန်၊ တရုတ်တိုင်းရင်းဆေးဝါးများကို ခေတ်မီအသွင်ပြောင်းခြင်းနှင့် အမြောက်အမြား ထုတ်လုပ်ခြင်းအား အားပေးမြှင့်တင်ရေးအတွက် ကြိုးပမ်းသွားကြရန်လည်း လီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ နိုင်ငံတကာ တီထွင်ဆန်းသစ်မှုစင်တာတစ်ခုသို့ သွားရောက်ကြည့်ရှု လေ့လာနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Chinese premier calls for sci-tech, policy support to boost bio-medicine industry
BEIJING, Aug. 20 (Xinhua) — Chinese Premier Li Qiang on Wednesday called for high-quality sci-tech empowerment and policy support to boost the quality and promote the upgrading of China’s bio-medicine industry.
Li, also a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks during a fact-finding and research tour in the Chinese capital of Beijing.
While visiting Changping Laboratory, Li called for efforts to focus on global forefront and key fields, achieve further major original results, and nurture more high-caliber talent in the life sciences, thus enhancing the basis for the development of China’s bio-medicine industry.
During tours of a bio-tech enterprise and an international innovation center, Li stressed the importance of encouraging domestic companies to deepen international cooperation and boost their creativity and competitiveness, as well as the importance of optimizing the country’s platform construction and operations model.
At a seminar, Li called for efforts to boost original innovation and core-technology breakthroughs in key fields, and to boost the industry’s development through comprehensive AI empowerment.
He also urged more effective guidance for the application of high-quality, innovative medicines, and called for efforts to promote the modernization and industrialization of traditional Chinese medicine. ■
English Caption
Chinese Premier Li Qiang, also a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, visits an international innovation center in Beijing, capital of China, Aug. 20, 2025. (Xinhua/Liu Bin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.