Media
တရုတ်နိုင်ငံ သမ္မတ ရှီက ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ တက်ရောက်ပြီးနောက် ပြန်လည်ထွက်ခွာ
လားဆ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ တက်ရောက်ပြီးနောက် ဩဂုတ် ၂၁ ရက်၌ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ရှီးဇန့်မှ ထွက်ခွာလာခဲ့ရာ ပြည်သူများက လမ်းများထက်ဝယ် စီတန်း၍လည်းကောင်း၊ လေဆိပ်၌ စုဝေး၍လည်းကောင်း ၎င်းအား လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ရှီ၏ ညွှန်ကြားချက်အရ ဝမ်ဟုနင်က ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အတွင်း ရှီးဇန့်ဒေသရှိ တိုင်းရင်းသားအသီးသီးနှင့် လူမှုအသိုင်းအဝိုင်းကဏ္ဍအသီးသီးမှ ပြည်သူများထံ သွားရောက်ကာ နှုတ်ခွန်းဆက်မည်ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်တာဝန်ရှိသူ ချိုက်ချီ အပါအဝင် သမ္မတ ရှီနှင့်အဖွဲ့သည် လေယာဉ်တစ်စင်းတည်းဖြင့် ပြန်လာခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi leaves Xizang after attending region’s 60th founding anniversary celebrations
LHASA, Aug. 21 (Xinhua) — Chinese President Xi Jinping on Thursday left Xizang after attending celebrations for the autonomous region’s 60th founding anniversary.
As Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, was leaving Xizang, crowds lined the streets and gathered at the airport to see him off.
Instructed by Xi, a central delegation with Wang Huning as the leader will visit and convey greetings to people of all ethnic groups and from all sectors of society in Xizang from Thursday to Saturday.
Xi’s entourage, including senior official Cai Qi, returned by the same flight.