Connect with us

Africa & Middle East

တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ အတွေ့အကြုံက အာဖရိကတိုက်အတွက် လက်တွေ့အနက်အဓိပ္ပာယ်ရှိဟု ကင်ညာမီဒီယာ ဖော်ပြ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်ရှိ “အမျိုးသားလွတ်လပ်ရေးနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ပြပွဲ၌ ကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ယခုနှစ်သည် တရုတ်နိုင်ငံက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့်‌ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ နှစ် ၈၀ ပြည့်အား အထိမ်းအမှတ် ဂုဏ်ပြုမည်ဖြစ်‌ကြောင်း၊ ကင်ညာနိုင်ငံသာမက အာဖရိကတိုက်တစ်ခုလုံးအတွက်ဆိုရလျှင် အဆိုပါအထိမ်းအမှတ်အခမ်းအနားသည် ကြီးမားသော အနက်အဓိပ္ပာယ်ရှိပြီး မိမိတို့ကို စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုရှိပြီး အမြော်အမြင်ကြီးမားသော ဦးဆောင်မှုစွမ်းရည်သည် ပြည်ပကျူးကျော်မှုအား အောင်နိုင်ရာတွင် ပါဝင်သောအင်အားဖြစ်ကြောင်း အသိပေးလျက်ရှိသည်ဟု ကင်ညာနိုင်ငံ ပင်မမီဒီယာ The Star ၏ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်သော သတင်းထောက် ONYANGO K’ONYANGO ရေးသားသည့် သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
အာဖရိကတိုက်သားများအတွက် ဆိုရလျှင် ကင်ညာနိုင်ငံ၏ Mau Mau အရေးအခင်းမှသည် အာဖရိကတိုက် နယ်မြေကြီးတစ်ခုလုံး၏ ခုခံတော်လှန်ရေး လှုပ်ရှားမှုအထိ အောင်မြင်မှုအရင်းအမြစ်မှာ သာမန်ပြည်သူများ ပါဝင်လာပြီး မိမိ၏မြေယာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းကြောင့်ဖြစ်သည်။ ပြည်သူ၏အင်အားကို စုစည်းဖွဲ့စည်းလာနိုင်သည်နှင့်အမျှ အင်အားကြီးမားသော ကျူးကျော်သူကို အလဲတိုက်နိုင်ကြောင်း တရုတ်နိုင်ငံ၏ ဥပမာက ဖော်ပြလျက်ရှိသည်။ ကင်ညာနိုင်ငံနှင့် အာဖရိကတိုက်တို့က အနာဂတ်ကို မျှော်မှန်းနေချိန်တွင် တရုတ်ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၏ အတွေ့အကြုံသည် လက်တွေ့အနက်အဓိပ္ပာယ်ရှိနေဆဲပင်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်နိုင်ငံ၏အောင်နိုင်မှုသည် စစ်ရေးအရ အောင်နိုင်မှုတစ်ခုသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းလုံးညီညွတ်မှုနှင့် အမြော်အမြင်ကြီးမှုတို့၏ အောင်နိုင်မှု ပို၍ပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးအကဲသည် ၎င်း၏ မဟာဗျူဟာဖန်တီးမှုဖြင့် နာမည်ကျော်ကြားသည်။ အားသာချက်များရှိနေသည့် ရန်သူအားရင်ဆိုင်ရာတွင် တရုတ်ကွန်မြူနစ်ပါတီသည် ပြုလွယ်ပြင်လွယ်သော စစ်ပရိယာယ်ကို အသုံးပြု၍ ပြည်သူများ၏ ဝန်းရံမှုနှင့် ထောက်ခံအားပေးမှုကို ခိုင်မြဲစွာ အားထားပြီး ဒေသအလျောက် ပြင်ဆင်လုပ်ဆောင်ခဲ့သောကြောင့် ကျေးလက်ဒေသသည် နှစ်ပေါင်းများစွာ တိုက်ပွဲအား ပံ့ပိုးထောက်ခံပေးသော အင်အားကြီးမားသည့် ဒိုင်းကာ ဖြစ်လာခဲ့သည်။
အာဖရိကတိုက်တွင် ကိုလိုနီအင်အားစုသည် ပြိုကွဲနေသော လူမှုအသိုက်အဝန်းများကို မှီခိုအားထား၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ပြိုကွဲမှု၏ သင်ခန်းစာသည် သိသာထင်ရှားလှသည်။ ကင်ညာနိုင်ငံ၏ လွတ်လပ်ရေးသည် မတူညီသောအုပ်စုများ တစ်စိတ်တည်း တစ်ဝမ်းတည်း ညှိနှိုင်းပူးပေါင်းမှုအင်အားဖြင့် ဖော်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။
ယနေ့တွင် အာဖရိကသမဂ္ဂနှင့် အရှေ့အာဖရိကအသိုက်အဝန်း (EAC) စသည့် ဒေသတွင်းအဖွဲ့အစည်းများသည် အဆိုပါအစဉ်အလာကို ဆက်လက်ကျင့်သုံးဆဲဖြစ်ပြီး တစ်သားတည်းဖြစ်မှုနှင့် အစုအဖွဲ့အင်အားကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ စည်းလုံးညီညွတ်မှုသည် ဆောင်ပုဒ်တစ်ခုသာမက အောင်နိုင်မှု၏ အခြေခံအုတ်မြစ်လည်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အတွေ့အကြုံက ဖော်ပြနေသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ တစ်မူထူးခြားချက်မှာ ၎င်း၏အမြင်သည် စစ်မျက်နှာစာထက် ကျော်လွန်နေခြင်းပင်ဖြစ်သည်။ စစ်မီးများတောက်လောင်နေသည့် ခေတ်တွင်ပင် တရုတ်ကွန်မြူနစ်ပါတီသည် ဒေသအလျောက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့် ပညာရေးမြှင့်တင်ခြင်း၊ ကျားမ တန်းတူညီမျှမှုအား တိုးမြှင့်ခြင်း၊ မြေယာ မျှတစွာခွဲဝေမှုကို အားပေးခြင်း စသည်တို့ဖြစ်သည်။
အာဖရိကတိုက်အတွက်ဆိုရလျှင် အဆိုပါပုံပြင်သည် အလှမ်းမဝေးပေ။ တရုတ်နိုင်ငံနှင့် အာဖရိကတိုက်တို့သည် အနိုင်ကျင့်စော်ကားခံရမှုများမှ လွတ်မြောက်လာခဲ့ရာ ကြံ့ကြံ့ခံနိုင်မှု၊ စည်းလုံးညီညွတ်စွာ အပြန်အလှန် ကူညီမှုနှင့် ပြည်သူများ၏စိတ်ဓာတ်တို့သည် ကံကြမ္မာအား ပြောင်းလဲနိုင်သည်ဟူသော ယုံကြည်ချက်မှ အင်အားများ ရယူခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်ရှိ “အမျိုးသားလွတ်လပ်ရေးနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ပြပွဲ၌ ကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
全球瞭望|肯尼亚媒体:中国抗日战争的经验对非洲具有现实意义
新华社内罗毕8月22日电(记者严钰景)肯尼亚主流媒体《星报》22日刊载记者奥尼扬戈·孔扬戈撰写的评论员文章说,今年,中国将纪念中国人民抗日战争暨世界反法西斯战争胜利80周年。对肯尼亚乃至整个非洲来说,这一纪念活动意义重大,提醒我们团结、坚韧且富有远见的领导力在战胜外国侵略方面所蕴含的力量。文章摘要如下:
对非洲人来说,从肯尼亚的“茅茅运动”到整个非洲大陆的抵抗运动,胜利源于普通民众动员起来捍卫自己的土地和尊严。中国的例子表明,人民的力量一旦组织起来,就能击败强大的侵略者。在肯尼亚和非洲展望未来之际,中国抗日战争的经验仍然具有现实意义。
80年前,中国的胜利不仅仅是一场军事胜利,更是精神、团结和远见的胜利。中国共产党的领导以其战略创造力而闻名。面对占优势的敌人,中国共产党依靠灵活的战术,紧紧依靠人民的拥护和支持,因地制宜,使农村地区成为支撑多年战斗的强大盾牌。
在非洲,殖民势力往往依靠分裂社区而蓬勃发展,分裂的教训显而易见。肯尼亚的独立正是由不同群体齐心协力实现的。如今,非洲联盟和东非共同体等地区组织延续着这一传统,致力于促进一体化和集体力量。中国的经验表明,团结不仅仅是一句口号,更是胜利的基石。
中国共产党的独特之处还在于其视野超越了战场。即使在战火纷飞的年代,中国共产党也在根据地推行改革,例如发展教育、促进性别平等、鼓励公平分配土地等。
对非洲来说,这个故事并不遥远。中国和非洲都摆脱了屈辱,从坚韧不拔、团结互助以及人民意志能够改变命运的信念中汲取了力量。(完)
图说1、2:参观者在中国人民抗日战争纪念馆《为了民族解放与世界和平》主题展览参观(7月8日摄)。新华社记者 鞠焕宗 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.