Connect with us

China

ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲအတွက် တရုတ်လက်ရွေးစင် အသင်းခေါင်းဆောင် ကုန်းရှန်းယွီ အသေးစိတ် အာရုံစိုက်ပြင်ဆင်ထား

ရှန်ဟိုင်းနှင့်ရင်ဆိုင်ကစားခဲ့သည့်ပွဲအတွင်း ကုန်းရှန်းယွီ ၏ ဘောလီဘောအား ရိုက်ခုတ်ကစားနေပုံကို တွေ့ရစဥ် (ဆင်ဟွာ)

ချင်းမိုင်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် FIVB ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယအကြိမ် မြောက်ပါဝင်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသော တရုတ်လက်ရွေးစင် အမျိုးသမီး ဘော်လီဘောအသင်း ခေါင်းဆောင် ကုန်းရှန်းယွီ က ပြိုင်ပွဲကို ပျော်ရွှင်စွာကစားရန်နှင့် အသေးစိတ်ပြင်ဆင်ချိန်ညှိမှုများ လုပ်ဆောင်ရန် အပြည့်အ၀ အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။
“ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့်အတွက် ကျွန်မ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ပြိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ကစားမှာဖြစ်သလို အသင်းဖော်တွေကို ကူညီနိုင်ဖို့ အတွက်လည်း အသေးစိတ်အချက်အလက်တွေကအစ ဂရုစိုက်ပြင်ဆင်ထားပါတယ်” ဟု သြဂုတ် ၂၁ ရက် လေ့ကျင့်ရေးအစီအစဉ်အပြီးတွင် အသက် ၂၈ နှစ်အရွယ်ရှိ ရိုက်ခုတ်ခြင်းနှင့် ပိတ်ဆို့ခြင်း ၂ မျိုးစလုံးကို တာဝန်ယူရသည့် Opposite Hitter ကစားသမား ကုန်းရှန်းယွီ က ပြောကြားခဲ့သည်။
Gong ပါဝင်သည့်တရုတ်လက်ရွေးစင်အသင်းမှာ ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆွတ်ခူးခဲ့သော်လည်း နယ်သာလန်နိုင်ငံနှင့် ပိုလန် နိုင်ငံ၌ ပူးတွဲကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်ပြိုင်ပွဲတွင်မူ အဆင့် ၆ ဖြင့်သာ ကျေနပ်ခဲ့ရသည်။
“ဒီနှစ်ပြိုင်ပွဲက အိုလံပစ်စက်ဝိုင်းသစ်ရဲ့ အဓိကပွဲဦးထွက်ပြိုင်ပွဲဖြစ်ပါတယ်။ အသင်းသားအားလုံး ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ရင်ခုန်စောင့်စားမျှော်လင့်နေသလို အကောင်းဆုံးတွေလုပ်ပြနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်” ဟု ကုန်းရှန်းယွီ က ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အမျိုးသမီးဘော်လီဘော နေးရှင်းလိဂ်ပြိုင်ပွဲ၌ အဆင့် ၅ ရခဲ့သော တရုတ်အသင်းမှာ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု F (Pool F) အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၂၃ ရက်တွင် မက္ကဆီကိုအသင်းနှင့် စတင်ကစားရမည်ဖြစ်ကာ ဩဂုတ် ၂၅ ရက်တွင် ကိုလံဘီယာ၊ ဩဂုတ် ၂၇ ရက်တွင် ဒိုမီနီကန် ရီပက် ဘလစ်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
“အုပ်စုအဆင့်မှာပဲ ခက်ခဲတဲ့ပြိုင်ဘက် ၃ သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ပွဲစဉ်တိုင်းက အရမ်းကို အရေးကြီးပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးတွေမှာရရှိခဲ့တဲ့ တိုးတက်မှုတွေကို ပြိုင်ပွဲမှာ ထုတ်ပြနိုင်ဖို့ ကျွန်မတို့အားလုံးကြိုးစားသွားမှာပါ” ဟုလည်း Gong က ဆက်လက် ပြောကြား ခဲ့သည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည် အကြိုအဆင့်တွင် အုပ်စု ၈ ခု ခွဲခြားထားပြီး တစ်အုပ်စုလျှင် ၄ သင်းစီဖြင့် ပြိုင်ပွဲဝင်အသင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ (Xinhua)
…………………….
(English Version)
China captain Gong focused on details ahead of third women’s volleyball worlds
CHIANG MAI, Thailand, Aug. 22 (Xinhua) — China captain Gong Xiangyu says she is focused on enjoying the game and fine-tuning the details as she prepares for her third appearance at the FIVB Women’s Volleyball World Championship.
“I am really excited to take part in my third World Championship. I will enjoy the game and pay attention to all the details to help my team,” said the 28-year-old opposite hitter after Thursday’s training session. She took bronze in Japan in 2018 and finished sixth at the 2022 edition in the Netherlands and Poland.
“It is the first major competition of the new Olympic cycle. All of the team members are looking forward to the campaign and doing our best to prepare,” she added.
China, which finished fifth in this year’s Women’s Volleyball Nations League, will open its Pool F play against Mexico on Saturday, before taking on Colombia on Monday and the Dominican Republic on Wednesday.
“We have three tough opponents in the group phase, and every match is really important,” Gong said. “We will try to show the improvements we have made in recent training.”
32 teams will compete across eight groups in the single round-robin preliminary stage, with the top two from each group advancing to the knockout stage.
Photo:
Gong goes for a spike during the match against Shanghai. (Photo by Shi Kang/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.