China
ရှီကျင့်ဖိန်နှင့် ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ဩဂုတ် ၂၆ ရက်နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ရုရှား ဆက်ဆံရေးသည် ကစဉ့်ကလျားပြောင်းလဲနေသည့် ယနေ့ကမ္ဘာတွင် အတည်ငြိမ်ဆုံး၊ အရင့်ကျက်ဆုံး၊ မဟာဗျူဟာအနက်အဓိပ္ပာယ် အပြည့်အဝဆုံးသော နိုင်ငံကြီးများဆက်ဆံရေး တစ်ခုဖြစ်ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်ခိုင်မာစွာ တွန်းအားပေး ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်လျော်ညီသလို ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ငြိမ်မှု အရင်းအမြစ်မြစ်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် မေလတွင် မိမိအနေဖြင့် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်၍ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တက်ရောက်ခဲ့ကြောင်း၊ လာမည့်သီတင်းပတ်တွင်လည်း တရုတ်နိုင်ငံက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ်၏ အာရှတိုက်နှင့် ဥရောပတိုက်၏ ပင်မစစ်မျက်နှာစာများ အသီးသီးဖြစ်ခဲ့ကြရာ ဂျပန်စစ်ဝါဒနှင့် ဂျာမနီဖက်ဆစ်တို့၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရန်အတွက် ဧရာမကြီးမားသော အမျိုးသားရေးပေးဆပ်မှုများ ရှိခဲ့သလို ဒုတိယကမ္ဘာစစ် အောင်နိုင်ရန်အတွက် ကြီးမားလှသော အကျိုးကို သယ်ပိုးခဲ့ကြကြောင်း၊ နှစ်ဖက်အနေဖြင့် အစဉ်အလာချစ်ကြည်ရေးကို ရှေ့ဆက်ရန်၊ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်ရန်၊ နှစ်နိုင်ငံလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို လက်တွဲအတူ ကာကွယ်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ သွေးစည်းညီညွတ်စေရန်၊ စစ်မှန်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားရန်၊ နိုင်ငံတကာစည်းစနစ် ပို၍ တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥပဒေပြုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် မရှိမဖြစ် အစိတ်အပိုင်းဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံရေးရာ စီမံခန့်ခွဲမှုနှင့် ဥပဒေပြုရေး အတွေ့အကြုံများကို တက်ကြွစွာ ဖလှယ်ကာ အခြေအနေသစ်အောက်တွင် တရုတ်-ရုရှား မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် ပို၍ ခိုင်မာသည့် ဥပဒေပြုရေးအာမခံချက်ကို ပံ့ပိုးရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
Vyacheslav Volodin က သမ္မတ ရှီကျင့်ဖိန်ထံ သမ္မတ ပူတင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းတောင်းစကားအား တစ်ဆင့်ပြောကြားခဲ့သည်။
Vyacheslav Volodin က နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ဆက်ဆံရေးသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ အောင်မြင်မှုများမှာ ထင်ရှားကြောင်း၊ ရုရှား ဒူးမားလွှတ်တော်အနေဖြင့် နှစ်နိုင်ငံ အကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များကို အားထားဖော်ဆောင်လျက်ရှိရာ ရုရှား-တရုတ် ဥပဒေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းဖလှယ်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိစေရန် အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ ပြည်သူများသည် ဖက်ဆစ်တိုက်ပွဲ အနိုင်ရရေးအတွက် ကြီးမားသော အကျိုးကို သယ်ပိုးခဲ့ကြကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဤခဲယဉ်းစွာ ရရှိခဲ့သည့် အောင်မြင်မှုအား ဂုဏ်ပြုကာ ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို အောက်မေ့မည်ဖြစ်ပြီး သာယာလှပသောအနာဂတ်ကို လက်တွဲအတူ ဖွင့်လှစ်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ၊ ဖုန်ချင်းဟွာ တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
习近平会见俄罗斯国家杜马主席沃洛金
新华社北京8月26日电(记者冯歆然)8月26日上午,国家主席习近平在北京人民大会堂会见俄罗斯国家杜马主席沃洛金。
习近平指出,中俄关系是动荡变革的当今世界最稳定、最成熟、最富战略内涵的一组大国关系。持之以恒推动中俄关系高水平发展,符合两国人民根本利益,也是世界和平的稳定源。今年5月,我对俄罗斯进行国事访问并出席纪念苏联伟大卫国战争胜利80周年庆典,下周中方将隆重举行纪念中国人民抗日战争暨世界反法西斯战争胜利80周年活动。中国和苏联分别作为第二次世界大战亚洲和欧洲主战场,为抗击日本军国主义和德国法西斯侵略付出巨大民族牺牲,为赢得二战胜利作出重大贡献。双方要赓续传统友谊,深化战略互信,加强各领域交流合作,携手捍卫两国安全和发展利益,团结全球南方国家,坚持真正的多边主义,推动国际秩序朝着更加公正合理的方向发展。
习近平强调,立法机构合作是中俄新时代全面战略协作伙伴关系不可或缺的组成部分。希望双方积极开展治国理政和立法经验交流,为新形势下中俄战略协作和各领域合作提供更加坚实的立法保障。
沃洛金转达普京总统对习近平主席的亲切问候和良好祝愿。沃洛金说,在两国元首战略引领下,俄中关系深入发展,卓有成效。俄国家杜马致力于落实两国元首重要共识,加强俄中立法机构交流合作,全力以赴推动两国关系取得更多成果。80年前,苏联和中国人民为战胜法西斯作出重大贡献。俄方愿同中方共同庆祝这一来之不易的胜利,缅怀先烈,携手开创美好未来。
王毅、彭清华参加会见。(完)
1. 8月26日上午,国家主席习近平在北京人民大会堂会见俄罗斯国家杜马主席沃洛金。 新华社记者 申宏 摄