Media
တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ
ရန်ကုန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သည်။ ဖိုရမ်သည် လုံခြုံရေးအကာအကွယ်များ အခိုင်အမာတည်ဆောက်ရေး၊ ဒေသတွင်းခရီးသွားကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီအားဖြည့်ပေးရေးနှင့်စပ်လျဉ်း၍ လက်တွေ့ဖြေရှင်းမှုနည်းလမ်း၊ ယန္တရားအသွင် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးတို့အား စူးစမ်းလေ့လာရှာဖွေခဲ့ကြသည်။ ယခုအကြိမ်ဖိုရမ်ကို တရုတ်-အာဆီယံ စင်တာ (ACC) ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လန်ချန်း-မဲခေါင် ဘက်စုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) တို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ (Xinhua)