Connect with us

China

ကျောက်လဲ့ကျိနှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးသံတမန် Park Byeong-seug တွေ့ဆုံဆွေးနွေး

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးသံတမန် Park Byeong-seug တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးသံတမန် Park Byeong-seug နှင့် ဩဂုတ် ၂၆ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ လီဂျေမြောင်တို့သည် တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန်နှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး တိုးတက်ရန်အတွက် ဦးတည်ချက် လမ်းညွှန်ပြသပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းကာ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုအောက်တွင် အပြန်အလှန်လေးစားမှုကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ တွေ့ဆုံဆွေးနွေးမှုကို အားဖြည့်ရန်၊ နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး တိုးချဲ့ရန်၊ အပြုသဘောစွမ်းအားများကို ပိုမိုစုစည်းရန်၊ ချစ်ကြည်ရင်းနှီးသော ပင်မသံစဉ်ကို မြှင့်တင်ရန်၊ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ခေတ်ကာလနှင့်အညီ တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းနိုင်ရေးအား တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်နှင့်အတူ ပူးပေါင်းဖလှယ်မှုများ မြှင့်တင်ကာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်သည့် ဦးတည်ရာသို့ တိုးတက်အောင် အားဖြည့် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Park Byeong-seug က တောင်ကိုရီးယား အစိုးရသစ်သည် ရင့်ကျက်၊ တည်ငြိမ်သည့် တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး ဖော်ဆောင်ရန် အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူတကွ ကြိုးပမ်းကာ နှစ်နိုင်ငံ အကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်ကို ဖော်ဆောင်ရန်၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုများ စဉ်ဆက်မပြတ် တိုးပွားစေရန်၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးသောသံယောဇဉ် တိုးမြှင့်ရန်၊ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် တိုးတက်ရေးကို အတူတကွမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————–
(Chinese Version)
赵乐际会见韩国总统特使朴炳锡
新华社北京8月26日电 全国人大常委会委员长赵乐际26日下午在北京会见韩国总统特使朴炳锡。
赵乐际表示,习近平主席同李在明总统就深化中韩战略合作伙伴关系达成重要共识,为中韩关系发展指明了方向。中方愿同韩方携手努力,在两国元首战略引领下,坚持相互尊重,加强对话沟通,增进理解互信,深化务实合作,扩大人文交流,积聚更多正能量,弘扬友好主旋律,推动中韩关系与时俱进、行稳致远。中国全国人大愿同韩国国会加强交流合作,助力中韩关系持续向好发展。
朴炳锡表示,韩国新政府高度重视发展成熟稳定的韩中关系,愿同中方共同努力,落实两国元首重要共识,不断增进政治互信,增进两国人民之间的友好感情,推动韩中关系重回正轨,共同促进地区和平稳定与发展。(完)
1. 8月26日下午,全国人大常委会委员长赵乐际在北京会见韩国总统特使朴炳锡。 新华社记者 张领 摄