Connect with us

Politics, Law & Military

ဆင်ဟွာနှင့် အစ္စရေးနိုင်ငံတို့ မီဒီယာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (ယာ) နှင့် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Zvi Heifetz တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) ချိုင့်မင်ကျောက်သည် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Zvi Heifetz နှင့် ဇူလိုင်လ ၃၀ ရက်က တွေ့ဆုံကာ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍတွင် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနေခဲ့ကြောင်း သိရသည်။

ဆင်ဟွာသည် အစ္စရေးနိုင်ငံဆိုင်ရာ သတင်းများကို အလွန်အလေးထားကာ အမြဲတမ်း ဖော်ပြခဲ့ကြောင်း ချိုင့်က ပြောကြားခဲ့သည်။

ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်-အစ္စရေးဆက်ဆံရေး၏ စိတ်ဝင်စားစရာတစ်ခု ဖြစ်ကြောင်း၊ ဆင်ဟွာအနေဖြင့် အစ္စရေးနိုင်ငံနှင့်အတူ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်များတွင် သတင်းပေးပို့မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဆန်းသစ်တီထွင်မှုဆိုင်ရာ ဘက်စုံ မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ရေး အတွက် ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ချိုင့်က ပြောကြားခဲ့သည်။

ဆင်ဟွာက နိုင်ငံတကာ သတင်းတင်ပို့ခြင်း၊ လူမှုမီဒီယာ၊ ဗီဒီယိုအတိုများနှင့် နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသန နယ်ပယ်များ၌ နောက်ဆုံး အောင်မြင်မှုရရှိမှုများနှင့်ပတ်သက်၍ ချိုင့်က Heifetz အား ပြောပြခဲ့သည်။

နှစ်နိုင်ငံမှ မီဒီယာအဖွဲ့အစည်းများက ဆန်းသစ်တီထွင်မှုတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ချိုင့်က ဆိုသည်။

တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Zvi Heifetz က အစ္စရေးနိုင်ငံအနေဖြင့် နှစ်နိုင်ငံ မီဒီယာအဖွဲ့အစည်းများအကြား ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.