Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt တို့တွေ့ဆုံ

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်(ယာ) နှင့် ဗြိတိန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Jeremy Hunt (ယာ) အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt) အား ပေကျင်းမြို့၌ ဇူလိုင် ၃၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နယ်ပယ်အားလုံးတွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု နှင့် တရုတ်-ယူကေ နှစ်နိုင်ငံအကြား အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် နိုင်ငံများ နှင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေး နိုင်ငံ နှစ်နိုင်ငံအနေဖြင့် တရုတ်-ဗြိတိန် နှစ်နိုင်ငံသည် ကုလသမဂ္ဂပဋိညဉ်စာတမ်းပါ စည်းမျဉ်းစည်းကမ်း နှင့် ရည်ရွယ်ချက်များအပေါ် အခြေခံ၍ နိုင်ငံတကာအခင်းအကျင်း နှင့် စနစ်များကို ထိန်းညှိသွားရန် နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO) နှင့်အတူ ကဏ္ဍစုံကုန်သွယ်ရေးစနစ်ကို တည်ဆောက်သွားရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“ တရုတ် နဲ့ဗြိတိန် ဟာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဝါဒထွန်းကားဖို့ ၊ ကမ္ဘာ့စီးပွားရေး လုံခြုံဖို့ နဲ့ ကမ္ဘာကြီးတည်ငြိမ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အားထုတ်မှုတွေထပ်ဖြည့်တာတွေကို ပူးတွဲဆောင်ရွက်သင့်တယ်” ဟု အစည်းအဝေးတွင် လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်အတူ နှစ်ဖက်အပြန်အလှန်လေးစားမှု နှင့် တန်းတူဆက်ဆံရေး စည်းမျဉ်းစည်းကမ်းတစ်ခုအတွင်း နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အားလုံးတိုးတက်စေရန် မျှော်လင့်ထားကြောင်း လီက ဆိုသည်။

“ တရုတ်နိုင်ငံဟာ နိုင်ငံအတွင်းမှာ တိုင်းတစ်ပါးကုမ္ပဏီတွေအတွက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့လုပ်ဆောင်သွားမှာပါ” ဟု လီကပြောကြားခဲ့ပြီး ယူကေ(United Kingdom)၌ သွားရောက်ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီများအတွက် အာမခံမှုပေးမည့် စနစ်တစ်ခုကို ဗြိတိန်နိုင်ငံက လုပ်ဆောင်ပေးရန် မျှော်လင့်နေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တရုတ်နိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt) က တရုတ်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးသည် “ ရွှေရောင်ခေတ်” အဖြစ် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များ နှစ်ပတ်လည်ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးဖြစ်ရန် မျှော်လင့်ထားကြောင်း ၊ တရုတ်နိုင်ငံနှင့် နိုင်ငံရေးယုံကြည်မှုခိုင်မာအောင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှင့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဟန်း ကဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.