Connect with us

China

စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ပနိုင်ငံအကြီးအကဲ ၂၆ ဦး တက်ရောက်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ (V-Day) အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ပြသမည့် တပ်ဖွဲ့ဝင်များ လေ့ကျင့်နေကြသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်နိုင်ငံအကြီးအကဲ ၂၆ ဦးသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ (V-Day) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ထောက် ဟုန်လေက ဩဂုတ် ၂၈ ရက်တွင် ကြေညာခဲ့သည်။
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေဖြင့် တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်တွင် စစ်ရေးပြပွဲ အခမ်းအနားကြီးအား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ပြည်ပနိုင်ငံ အကြီးအကဲများတွင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၊ ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်း၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ၊ ဗီယက်နမ်နိုင်ငံ သမ္မတ Luong Cuong ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith ၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif ၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ မော်လ်ဒိုက်နိုင်ငံ သမ္မတ Mohamed Muizzu ၊ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်ဂျိုမာတ် တိုကာယာ၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev ၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon ၊ ကာဂျစ်စတန်နိုင်ငံ သမ္မတ Sadyr Japarov ၊ တာ့မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov ၊ ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၊ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev ၊ အာမေနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan ၊ အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian ၊ ကွန်ဂိုသမ္မတနိုင်ငံ သမ္မတ Denis Sassou Nguesso ၊ ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa ၊ ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic ၊ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico ၊ ကျူးဘား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး (၁) နှင့် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင် တို့ ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများနှင့် ယခင် နိုင်ငံရေးဂုဏ်သရေရှိပုဂ္ဂိုလ်များလည်း အဆိုပါ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ (V-Day) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ (Xinhua)

——————–
(Chinese Version)
26 foreign leaders to attend China’s V-Day commemorations on Sept. 3
BEIJING, Aug. 28 (Xinhua) — At the invitation of Chinese President Xi Jinping, 26 foreign leaders will attend China’s V-Day commemorations in Beijing, Assistant Foreign Minister Hong Lei announced on Thursday.
China will stage a massive military parade on Sept. 3 to commemorate the 80th anniversary of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War.
Foreign leaders invited to attend the commemorations include Russian President Vladimir Putin, Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea, Cambodian King Norodom Sihamoni, Vietnamese President Luong Cuong, General Secretary of the Lao People’s Revolutionary Party Central Committee and Lao President Thongloun Sisoulith, Indonesian President Prabowo Subianto, Malaysian Prime Minister Anwar Ibrahim, Mongolian President Ukhnaa Khurelsukh, Pakistani Prime Minister Shahbaz Sharif, Nepali Prime Minister KP Sharma Oli, Maldivian President Mohamed Muizzu, Kazakh President Kassym-Jomart Tokayev, Uzbek President Shavkat Mirziyoyev, Tajik President Emomali Rahmon, Kyrgyz President Sadyr Japarov, Turkmen President Serdar Berdimuhamedov, Belarusian President Alexander Lukashenko, Azerbaijani President Ilham Aliyev, Armenian Prime Minister Nikol Pashinyan, Iranian President Masoud Pezeshkian, President of the Republic of the Congo Denis Sassou Nguesso, Zimbabwean President Emmerson Mnangagwa, Serbian President Aleksandar Vucic, Slovak Prime Minister Robert Fico, Miguel Diaz-Canel, first secretary of the Central Committee of the Communist Party of Cuba and Cuban president, and Min Aung Hlaing, acting president of Myanmar.
At the invitation of the Chinese government, heads of parliaments, deputy prime ministers and high-level representatives from various countries, heads of international organizations, and former political dignitaries will attend the V-Day commemorations. Enditem
English Caption – Participants take part in a training for the upcoming V-Day military parade in Beijing, capital of China, Aug. 12, 2025. (Xinhua/Zhang Cheng)