China
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြခန်းသို့ တရုတ်ပြည်တွင်းနှင့် ပြည်ပမီဒီယာသတင်းထောက်များ သွားရောက် လေ့လာရိုက်ကူး

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား သတင်းစင်တာသည် ဩဂုတ် ၂၇ ရက်တွင် ပထမဆုံးအကြိမ် သွားရောက်လေ့လာရိုက်ကူးရေး လှုပ်ရှားမှုအား ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ သတင်းထောက်ပေါင်း ၂၀၀ နီးပါးက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြခန်း စသည့်နေရာများသို့ သွားရောက် လေ့လာရိုက်ကူးရန်၊ “အမျိုးသားလွတ်မြောက်ရေးနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် – တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်” အကြောင်းအရာ ပြပွဲ လေ့လာကြည့်ရှုရန် စီစဉ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သော သတင်းထောက်များသည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်ရှိ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာပေါင်း ၁၃၀ ကျော်မှဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြခန်း၌ အင်တာဗျူးနေသော တရုတ်ပြည်တွင်းနှင့် ပြည်ပမီဒီယာ သတင်းထောက်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————
(Chinese Version)
中外记者参观采访中国人民抗日战争纪念馆
新华社照片,北京,2025年8月27日
8月27日,中国人民抗日战争暨世界反法西斯战争胜利80周年纪念活动新闻中心举行首场外出参观采访活动,组织近200名境内外记者赴中国人民抗日战争纪念馆等地参观采访,观看《为了民族解放与世界和平——纪念中国人民抗日战争暨世界反法西斯战争胜利80周年》主题展览。参加活动的记者来自60多个国家和地区的130余家境内外媒体。
1、8月27日,一名来自巴基斯坦的记者在活动上接受采访。 新华社记者 张玉薇 摄
2、8月27日,中外媒体记者在中国人民抗日战争纪念馆内采访。新华社记者 张玉薇 摄
3、8月27日,一名记者在中国人民抗日战争纪念馆内采访。新华社记者 张玉薇 摄