Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံတောင်ပိုင်း ပြည်နယ် အတွင်းရှိ IS တပ်ဖွဲ့ ၏ နောက်ဆုံး တပ်စခန်း အား သိမ်းပိုက်

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် တပ်ဖွဲ့ အား တိုက်ခိုက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ် ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က သြဂုတ်လ ၁ ရက် ၌ နိုင်ငံတောင်ပိုင်း Daraa ပြည်နယ် အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ ၏ နောက်ဆုံး တပ်စခန်း အား သိမ်းပိုက် နိုင်ခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က Daraa ပြည်နယ် အတွင်း ရှိ IS အစွန်းရောက် တပ်ဖွဲ့ မှ သိမ်းပိုက်ထားသည့် မြို့ရွာများအား အဆက်မပြတ် သိမ်းပိုက် ခဲ့ပြီးနောက် နောက်ဆုံး တပ်စခန်း တစ်ခု ဖြစ်သည့် Al-Qusayr မြို့ ရှိ IS တပ်ဖွဲ့ဝင် အကြွင်းအကျန် များကို ဝိုင်းရန် ထားနိုင်ခဲ့သည်။ သြဂုတ်လ ၁ ရက် တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ နှင့် IS လက်နက်ကိုင်များ အကြား ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကာ Al-Qusayr မြို့ အား သိမ်းပိုက် နိုင်ကြောင်း အစိုးရ တပ်ဖွဲ့ မှ ထုတ်ပြန် ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်များအရ လက်ရှိချိန်တွင် Daraa ပြည်နယ် အား အစိုးရ တပ်ဖွဲ့ မှ အလုံးစုံ ထိန်းချုပ် နိုင်ခဲ့ပြီး ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း Quneitra ပြည်နယ် ရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ မှာလည်း နိုင်ငံမြောက်ပိုင်း ဒေသ သို့ ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက် မှ စတင်၍ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံတောင်ပိုင်း ဒေသ တွင် စစ်ရေး ဆောင်ရွက်မှုများ စတင် ဆောင်ရွက်ခဲ့ကာ နယ်မြေများ အဆက်မပြတ် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ Quneitra ပြည်နယ် နှင့် Daraa ပြည်နယ် ထိစပ် နေသည့် ဒေသ က ကာလရှည်ကြာစွာ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိနေခဲ့ပြီး Daraa ပြည်နယ် နှင့် ဂျော်ဒန် နိုင်ငံ နယ်စပ် ဒေသ များ က IS နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ၏ ထိန်းချုပ်မှု အောက် သို့ ယခင်ချိန် က ရောက်ရှိနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.