Africa & Middle East
အီရန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် က အမေရိကန် နိုင်ငံ နှင့် ဆွေးနွေးမှု ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြား
တီဟီရန် ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံ အစ္စလာမ် တော်လှန်ရေး တပ်ဖွဲ့ ကာကွယ်ရေး ဦးစီးချုပ် Mohammad Ali Jafari က သြဂုတ်လ ၁ ရက် ၌ အမေရိကန် နိုင်ငံ သမ္မတ သို့ ပေးပို့ ခဲ့သည့် အိတ်ဖွင့်ပေးစာ တွင် အီရန် နိုင်ငံ အစိုးရ နှင့် အမေရိကန် နိုင်ငံ ဆွေးနွေးမှု ပြုလုပ်ခြင်း ကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ထည့်သွင်း ရေးသား ခဲ့သည်။
Mohammad Ali Jafari က ခေတ်အဆက်ဆက် သော အမေရိကန် နိုင်ငံ သမ္မတ များ က ဒေါ်နယ်ထရမ့် ထက် အီရန် နိုင်ငံ အပေါ် သိရှိနားလည်ကြောင်း ၊ အီရန် နိုင်ငံ ပြည်သူလူထု အနေဖြင့် ခြိမ်းခြောက်မှု ကို ကြောက်ရွံ့ကြမည် မဟုတ်ဘဲ စည်းလုံးညီညွှတ်စွာဖြင့် ပြည်ပရန် ကို ကာကွယ်သွားကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ က ယခု နှစ် မေလတွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက် ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ဆောင်ရွက်ခဲ့ကာ နိုင်ငံ အသီးသီး အား နိုဝင်ဘာလ မှ စတင်၍ အီရန် နိုင်ငံ မှ ရေနံ တင်သွင်းခြင်း ကို ရပ်ဆိုင်းရန် တောင်းဆို ခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၃၀ ရက်နေ့ ၌ မိမိ အနေဖြင့် မည်သည့် တောင်းဆိုမှု မှ မထားရှိသည့် အခြေအနေ အောက်တွင် အီရန် နိုင်ငံ ခေါင်းဆောင် နှင့် တွေ့ဆုံသွားလိုကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ သို့သော် အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ နျူကလီးယား သဘောတူညီမှု မှ နုတ်ထွက်ချိန်မှ စတင်၍ အမေရိကန် နိုင်ငံ မှာ ယုံကြည်၍ မရကြောင်း အမြဲပြောကြား ခဲ့ပြီး ဆွေးနွေးမှု ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)