China
တရုတ်နိုင်ငံ၏ နွေရာသီရုပ်ရှင်လက်မှတ်ရောင်းချရငွေ ယွမ် ၁၂ ဘီလီယံ နီးပါးရရှိ

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် နွေရာသီရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ ယွမ် ၁၁.၉၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံခန့်) ရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ကျော်လွန်ခဲ့ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်း စီမံကြီးကြပ်ရေးဦးစီးဌာန(CFA) က စက်တင်ဘာ ၁ ရက်၌ ကြေညာခဲ့သည်။
တရုတ်နိုင်ငံတွင် ယခုနှစ်နွေရာသီကာလအတွင်း သမိုင်း၊ အန်နီမေးရှင်း၊ ဟာသ ၊ အက်ရှင်၊ သည်းထိတ်ရင်ဖို ဇာတ်ကားများအပါအဝင် အမျိုးအစားစုံလင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော် တင်ဆက်ခဲ့ပြီး ရုပ်ရှင်ဝါသနာရှင် ၃၂၁ သန်းကို ဆွဲဆောင်နိုင်ခဲ့ကြောင်း CFA ၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံ၏ နွေရာသီရုပ်ရှင်ကာလကို ဇွန် ၁ ၇က်မှ သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ထားပြီး အစဥ်အလာအားဖြင့် နိုင်ငံ၏ရုပ်ရှင်လက်မှတ်ရောင်းရငွေ အကောင်းဆုံးကာလ တစ်ခုဖြစ်သည်။
“Dead to Rights ” ဇာတ်ကားသည် ယခုနှစ် နွေရာသီရုပ်ရှင်ကာလတွင် ဝင်ငွေအမြင့်ဆုံးရရှိထားသည်။ ၁၉၃၇ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့လူအစုလိုက်အပြုံလိုက်အသတ်ခံရမှု အကြောင်း ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ဇာတ်ကားသည် ဇူလိုင် ၂၅ ရက်တွင် ရုံတင်ပြသချိန်မှစ၍ ယွမ် ၂.၈၉ ဘီလီယံ အထိ ရရှိထားကြောင်း သိရသည်။
အတည်ပြုပြီး သမိုင်းဓာတ်ပုံများကိုအခြေခံထားသည် အဆိုပါဇာတ်ကားတွင် ဓာတ်ပုံစတူဒီယိုတစ်ခုထဲတွင် ပုန်းအောင်းနေသော နန်ကျင်းဒေသခံတစ်စုသည် ဂျပန်စစ်သတင်းထောက်တစ်ဦးကို ဓာတ်ပုံဖလင်ဆေးရာ တွင်ကူညီရန် အတင်းအကျပ်စေခိုင်းခံရသည်။ ၎င်းတို့သည် နိုင်ငံတစ်ဝန်း ရက်စက်ကြမ်းကြုတ်မှုဖြစ်ရပ် အထောက်အထားများ နက်ဂတစ်ဖလင်များကိုသတိပြုမိသွားကာ လျှို့ဝှက်သိမ်းဆည်းခဲ့ပြီး ယင်းဓာတ်ပုံများ ပြင်ပကမ္ဘာကို ပို့ဆောင်ထုတ်ဖော်နိုင်ခဲ့သည့် ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
အခြားသော ဝင်ငွေအများဆုံးရရှိသည့် ရုပ်ရှင်များမှာ အောင်မြင်ပြီးအန်နီးမေးရှင်းဇာတ်လမ်းတွဲYao-Chinese Folktales အဆက်ဖြစ်သည့် “Nobody” ဇာတ်ကား၊ ဂျက်ကီချန်းပါဝင်သော မှုခင်းအက်ရှင်ဇာတ်ကား “The Shadow’s Edge ” ၊ ဟာသသရုပ်ဆောင် Da Peng ပါဝင်သရုပ်ဆောင်ထားသည့် (ထန်မင်းဆက် (၆၁၈-၉၀၇) ကာလ ကြည်နူးဝမ်းနည်းဖွယ်ရာများ ရောပြွမ်းနေသော ဒရာမာဇာတ်ကား “The Lychee Road” နှင့် ယူနီဗာဆယ်က ထုတ်လုပ်သည့် “Jurassic World Rebirth ” ဇာတ်ကားတို့ ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
China’s summer box office reaches almost 12 bln yuan
BEIJING, Sept. 1 (Xinhua) — China’s 2025 summer box office reached just over 11.96 billion yuan (around 1.68 billion U.S. dollars), surpassing last year’s summer total, the China Film Administration (CFA) announced on Monday.
More than 100 films spanning a diverse range of genres, including history, animation, comedy, action and suspense, were released in China this past summer, attracting a total of 321 million moviegoers, according the CFA.
China’s summer movie season runs from June 1 through Aug. 31 and is traditionally one of the country’s most lucrative film periods.
The top-grossing title of the summer is “Dead to Rights,” a film about the 1937 Nanjing Massacre in east China during World War II — which raked in 2.89 billion yuan since its July 25 release.
Drawing on verified historical photographs, the story depicts a group of Nanjing residents who hide inside a photography studio and are compelled to help a Japanese military photographer develop his film. When they realize the negatives reveal damning evidence of atrocities across the city, they secretly keep possession of them and smuggle the images to the outside world.
Other top-grossing films of the summer of 2025 include “Nobody,” a spinoff of the acclaimed “Yao-Chinese Folktales” animation series; “The Shadow’s Edge,” a crime action flick starring Jackie Chan; “The Lychee Road,” a bittersweet drama set during the Tang Dynasty (618-907) and starring comedian Da Peng; and Universal’s “Jurassic World Rebirth.”
Photo : Spectators walk past movie posters at a cinema in Linyi, east China’s Shandong Province, Aug. 18, 2025. (Photo by Wu Jiquan/Xinhua)