Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အာဖဂန်နစ္စတန်ဘက်သို့ တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု ကူညီရေး လက်ငင်းအလှူငွေ လွှဲပြောင်းပေးအပ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ပေါင်းရွှိဟွေး (ဝဲဘက်) နှင့် အာဖဂန်နစ္စတန်နိုင်ငံ လခြမ်းနီအသင်း ဥက္ကဋ္ဌ Dilawar တွေ့ဆုံဆွေးနွေး၍ အာဖဂန်နစ္စတန်နိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများအား ပံ့ပိုးပေးရန်အတွက် တရုတ်ကြက်ခြေနီအသင်းမှ အာဖဂန်နစ္စတန် လခြမ်းနီအသင်းသို့ လှူဒါန်းပေးအပ်သည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ လက်ငင်းငွေသား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ အား လွှဲပြောင်းပေးအပ်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ပေါင်းရွှိဟွေးသည် စက်တင်ဘာ ၅ ရင်တွင် အာဖဂန်နစ္စတန်နိုင်ငံ လခြမ်းနီအသင်း (ARCS) ဥက္ကဋ္ဌ Dilawar နှင့် တွေ့ဆုံဆွေးနွေး၍ အာဖဂန်နစ္စတန်နိုင်ငံ ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများအား ပံ့ပိုးပေးရန်အတွက် တရုတ်ကြက်ခြေနီအသင်းမှ အာဖဂန်နစ္စတန် လခြမ်းနီအသင်းသို့ လှူဒါန်းပေးအပ်သည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ငွေသား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ပေါင်းရွှိဟွေးက တရုတ်နိုင်ငံအနေဖြင့် ငလျင်ကြောင့် သေဆုံးခဲ့သူများအပေါ် အလေးအနက် ဝမ်းနည်းမိကြောင်းနှင့် သေဆုံးသူ၏ မိသားစုဝင်များကို စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း တစ်ဆင့်ခံပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် အာဖဂန်နစ္စတန်ဘက်သို့ ငလျင်ဘေး ကယ်ဆယ်ရေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ယွမ် သန်း ၅၀ လှူဒါန်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ တရုတ်ကြက်ခြေနီအသင်းမှ အာဖဂန်နစ္စတန် လခြမ်းနီအသင်းထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ကူညီရေး ငွေသား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးအပ်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် တရုတ်နွယ်ဖွား အသင်းအဖွဲ့များကလည်း လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ တရုတ်နိုင်ငံဘက်က အာဖဂန်နစ္စတန်နိုင်ငံ အစိုးရနှင့် ပြည်သူများအပေါ် နက်ရှိုင်းသော သံယောဇဉ်ကို ပေါ်လွင်စေကြောင်း၊ အာဖဂန်နစ္စတန်ုနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် ငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများသည် အခက်အခဲအား ဆောလျင်စွာကျော်ဖြတ်နိုင်ပြီး မိသားစုဥယျာဉ် ပြန်လည် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Dilawar က ငလျင်ဒဏ်သင့်မှု အခြေအနေနှင့် အာဖဂန်နစ္စတန်နိုင်ငံ လခြမ်းနီအသင်း၏ အရေးပေါ်ကယ်ဆယ်ရေး အခြေအနေကို မိတ်ဆက်ပေးခဲ့သည်။ အရေးကြီးလျှင် မိတ်ဆွေစစ်ကို သိမြင်ရကြောင်း၊ တရုတ်နိုင်ငံ၏ နှစ်သိမ့်အားပေးမှုနှင့် ကူညီပေးမှုသည် အာဖဂန်နစ္စတန် ငလျင်ဒဏ်သင့်ဒေသ ပြည်သူများအပေါ် ကြီးမားသော ပံ့ပိုးပေးမှုနှင့် ကူညီမှုဖြစ်ရာ အာဖဂန်နစ္စတန်ဘက်မှ များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ လခြမ်းနီအသင်းအနေဖြင့် လှူဒါန်းငွေအားလုံးကို ငလျင်ဒဏ်သင့်ဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
中国驻阿富汗大使馆向阿方转交中方紧急人道主义现金资助
新华社喀布尔9月5日电(记者李昂 聂新宇)中国驻阿富汗大使馆临时代办包旭辉5日会见阿富汗红新月会会长迪拉瓦尔,转交中国红十字会向阿红新月会提供的20万美元紧急人道主义现金,用于支持阿方开展抗震救灾工作。
包旭辉转达了中方对地震遇难者的深切哀悼和对遇难者家属及受伤人员的诚挚慰问。他说,中国政府决定向阿提供5000万元人民币地震救灾紧急人道主义援助,中国红十字会向阿红新月会提供20万美元紧急人道主义现金资助,中国驻阿使馆、中资机构和华侨华人协会纷纷捐款捐物,体现了中方对阿富汗政府和人民的深厚情谊,相信在阿政府领导下,灾区人民一定能够早日克服困难,重建家园。
迪拉瓦尔介绍了地震灾情及阿红新月会紧急救援情况。他说,患难见真情,中方慰问和援助是对阿灾区人民的巨大支持和帮助,阿方对此深表感谢。阿红新月会将把善款全部用于灾区救援和重建工作。(完)
图说:9月5日,在阿富汗喀布尔,中国驻阿富汗大使馆临时代办包旭辉(左)会见阿富汗红新月会会长迪拉瓦尔,转交中国红十字会向阿红新月会提供的20万美元紧急人道主义现金,用于支持阿方开展抗震救灾工作。 新华社记者 李昂 摄