China
Think tank အစီရင်ခံစာက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်များအတွက် တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုကို မီးမောင်းထိုးဖော်ပြ

ကူမင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန လက်အောက်ရှိ Think Tank အဖွဲ့ဖြစ်သည့် ဆင်ဟွာအင်စတီကျုက စက်တင်ဘာ ၆ ရက်၌ ထုတ်ပြန်လိုက်သော အစီရင်ခံစာက တရုတ်နိုင်ငံ၏ ပြည်သူ့ဉာဏထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် လက်တွေ့တန်ဖိုးကို မီးမောင်းထိုးဖော်ပြထားသည်။
“မျက်မှောက်ခေတ်မေးခွန်းများကို အဖြေရှာခြင်း – တရုတ်နိုင်ငံ၏ ပြည်သူ့ဉာဏထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် လက်တွေ့တန်ဖိုး” ဟု အမည်ပေးထားသည့် ၎င်းအစီရင်ခံစာတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်များအား ပံ့ပိုးမှု ပုံမှန်မြှင့်တင်ကာ နိုင်ငံတကာစည်းစနစ်၊ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားမျိုးနွယ်ဘုံတန်ဖိုးများ စသဖြင့် ဘက်စုံလွှမ်းခြုံမှုရှိသော စနစ်ကို ဖြည်းဖြည်းချင်းတည်ထောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
“လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ခြင်း၊ လူသားမျိုးနွယ် ဘုံတန်ဖိုးများ မြှင့်တင်ခြင်း စသည်တို့သည် တရုတ်နိုင်ငံ၏ သီးသန့်ရွေးချယ်မှုများ မဟုတ်ဘဲ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် လေးလေးနက်နက် ရောင်ပြန်ဟပ်ခြင်းနှင့် တာဝန်သိမှုလည်း ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် သိပ္ပံပညာ၊ ပွင့်လင်းမှုနှင့် တိုးတက်မှု ဟူသော သီအိုရီပိုင်းအရ အဓိကသွင်ပြင်သုံးရပ်ဖြင့် သတ်မှတ်ထားသော တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်များက လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်၍ ပိုမိုခမ်းနားကြီးကျယ်သော အနာဂတ်ကို ကြိုဆိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာက မှတ်ချက်ပြုထားသည်။
အဆိုပါ အစီရင်ခံစာ အပြည့်အစုံကို ဝက်ဘ်ဆိုက်များ၊ ဂျာနယ်များနှင့် လူမှုမီဒီယာပလက်ဖောင်းများမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ စာဖတ်ပရိသတ်များအတွက် ထုတ်ပြန်ထားပြီး တရုတ်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Think tank report highlights China’s contribution to global public intellectual goods
KUNMING, Sept. 6 (Xinhua) — A report highlighting the global significance and practical value of China’s public intellectual goods was released on Saturday by Xinhua Institute, a think tank affiliated with Xinhua News Agency.
Titled “Answering the Questions of Our Time: The Global Significance and Practical Value of China’s Public Intellectual Goods,” the report said China has steadily increased the supply of global public intellectual goods, gradually building a system that encompasses dimensions such as international order, national development, and shared human values.
“Building a community with a shared future for humanity, advancing Chinese modernization, and promoting the shared values of humankind are not only China’s independent choices but also its profound reflections and sense of responsibility toward world development,” it said.
It noted that defined by three key theoretical attributes — scientific, open, and progressive — China’s global public intellectual goods are destined to usher in a broader and more magnificent future for human development.
The full report has been released to global readers via websites, journals and social media platforms, and is available in both Chinese and English.
Photo: This photo shows copies of the think tank report titled “Answering the Questions of Our Time: The Global Significance and Practical Value of China’s Public Intellectual Goods.” The report was released by Xinhua Institute, a think tank affiliated with Xinhua News Agency. (Xinhua/Chen Yehua)