Asia
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ် ၁ နှစ် ပြန်လည်ကျခံရန် ထိုင်းနိုင်ငံ တရားရုံးချုပ် စီရင်ချက်ချ

ဘန်ကောက်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ရဲဆေးရုံကြီး၌ ပြစ်ဒဏ်ကျခံမှုလုပ်ထုံးလုပ်နည်းများသည် တရားဥပဒေနှင့် မညီညွတ်သဖြင့် ပြစ်ဒဏ် ၁ နှစ် ပြန်လည်ကျခံရမည်ဟု ထိုင်းနိုင်ငံ တရားရုံးချုပ်က စက်တင်ဘာ ၉ ရက်တွင် စီရင်ချက်ချလိုက်ကြောင်း ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။
ထိုင်းနိုင်ငံ တရားရုံးချုပ်သည် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ခုံရုံးဖွင့်လှစ်၍ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ “၁၄ လွှာအမှု” နှင့်စပ်လျဉ်း၍ စီရင်ချက်ချခဲ့ရာ ထိုနေ့တွင် သက်ဆင်ကိုယ်တိုင် တရားရုံးသို့ လာရောက်ခဲ့သည်။ စီရင်ချက်ထုတ်ပြန်ပြီးနောက် ပြစ်ဒဏ်ကျခံရန် သက်ဆင်ကို ထိုနေ့တွင် ဘန်ကောက်မြို့ အထူးထောင်သို့ ပိုဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများက ဆိုသည်။
“၁၄ လွှာအမှု” သည် သက်ဆင်က ၂၀၂၃ ခုနှစ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး အကျဉ်းဒဏ်ကျခံရန် စီရင်ချမှတ်ခံရသည့် ထိုနေ့ညတွင် ကျန်းမာရေးအကြောင်းပြချက်ကြောင့် ရဲဆေးရုံကြီး ၁၄ လွှာသို့ ပို့ဆောင်ခံရပြီး ၆ လနီးပါး ကုသမှုခံယူခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းလွတ်မြောက်လာခဲ့ရာ ၎င်းအနေဖြင့် ပြစ်ဒဏ်ကျကာလအား အမှန်တကယ် ကျခံခဲ့ခြင်းရှိ၊ မရှိကို ပြင်ပလောက၌ အငြင်းပွားမှုများ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
泰媒:泰国最高法院裁定前总理他信须重新服刑1年
新华社曼谷9月9日电(记者夏康静 陈倩慈)据泰国媒体报道,泰国最高法院9日裁定,前总理他信在警察总医院服刑的执行程序不合法,须重新服刑1年。
泰国最高法院9日上午10时开庭,就前总理他信的“14楼案件”进行宣判,他信本人当天出庭。据泰媒报道,判决宣布后,他信当日将被送入曼谷特监区服刑。
“14楼案件”源于他信在2023年返回泰国并被判入狱当晚,因健康原因被送往警察总医院14楼接受治疗近6个月,随后获释,引发外界关于他是否真正服完刑期的争议。(完)
图说:9月9日,泰国前总理他信(前)抵达位于曼谷的最高法院。新华社发