China
ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဧပြီ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်ထံသို့ ရင်းနှီးစွာနှုတ်ခွန်းဆက်စကားအား Sergei Lavrov မှတစ်ဆင့် ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် “တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်” ချုပ်ဆိုသည့် ၂၅ နှစ်ပြည့်လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆံရေးသည် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းထားရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များ ကြွယ်ဝလျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှား ဆက်ဆံ
ရေး၏ တည်ငြိမ်မှုနှင့် သေချာရေရာမှုမှာ အထူးပင် အဖိုးတန်ပြီး “တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်” ၏ ကြီးမားသည့်စွမ်းအားနှင့် စံနမူနာထားဖွယ် အနှစ်သာရမှာ ပို၍ ထင်ရှားလာကြောင်း၊ နှစ်ဖက်အနေဖြင့် မိမိနှင့် သမ္မတ ပူတင် ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အစွမ်းကုန် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်ရန်၊ သံတမန်ရေးညှိနှိုင်းမှုများကို နီးကပ်စေရန်၊ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပို၍မြင့်မားစွာ ရပ်တည်မှု၊ ပို၍ တည်ငြိမ်စွာ လျှောက်လှမ်းမှု၊ ပို၍ခရီးပေါက်အောင် လျှောက်လှမ်းမှုရှိစေရေး တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။မကြုံစဖူး ရာစုနှစ်အပြောင်းအလဲများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှားသည် ပိုမိုနီးကပ်၍ ခိုင်မာအားကောင်းသော မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ၏ တရားဝင် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်မှုကို ကာကွယ်ထိန်းကာ နိုင်ငံကြီးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ယူမှုကို ပြသရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။နှစ်ဖက်အနေဖြင့် မဟာဗျူဟာတည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်ထောက်ခံအားပေးမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ မိမိတို့နှင့်ဆိုင်ရာကိစ္စရပ်များကို ကောင်းမွန်စွာ ဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနှင့် အပြန်အလှန် အားသာချက် ဖြည့်စွက်ခြင်း အခန်းကဏ္ဍကို အပြည့်အဝအသုံးပြုကာ ဘက်စုံထောင့်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှုကြံ့ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းပြီး အကောင်အထည်ဖော်ဆောင်ရန်၊ ကုလသမဂ္ဂ၏ဩဇာအာဏာနှင့် တက်ကြွမှုကို ပြန်လည်အားကောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS စသည့် မူဘောင်အတွင်း နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတကာစည်းစနစ် ပိုမို တရားမျှတ၍ ကျိုးကြောင်းဆီလျော်သည့်လားရာသို့ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sergei Lavrov က သမ္မတ ရှီကျင့်ဖိန်ထံသို့ သမ္မတ ပူတင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းစကားများအား တစ်ဆင့်ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ဆက်ဆံရေးသည် ရှုပ်ထွေးသော ပြင်ပပတ်ဝန်းကျင်၌ ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားမှုကို ဖော်ပြလျက်ရှိကြောင်း၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန် ကောင်းမွန်သလို လူမှုယဉ်ကျေးမှုဖလှယ်ရေးမှာလည်း နေ့စဉ်နှင့်မျှ နီးနီကပ်ကပ်ရှိလာကြောင်း၊ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၊ BRICS ၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စသည့် နိုင်ငံပေါင်းစုံ ပလက်ဖောင်းများတွင် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုးရွားပြီး ရှုပ်ထွေးလှသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော အရေးကြီးသဘောတူညီချက်များအား ခိုင်ခိုင်မာမာ ဖော်ဆောင်သွားလိုကြောင်း၊ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို ထိန်းသိမ်းထားရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန်၊ ရုရှား-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး တွန်းအားပေးရန်၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် ပို၍ ကြီးမားသောအကျိုးကို ထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ၂၀၂၆ခုနှစ် ဧပြီ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
习近平会见俄罗斯外长拉夫罗夫新华社北京4月15日电(记者冯歆然)4月15日上午,国家主席习近平在北京人民大会堂会见俄罗斯外长拉夫罗夫。 习近平请拉夫罗夫转达对普京总统的诚挚问候。习近平指出,今年是中俄战略协作伙伴关系建立30周年,也是《中俄睦邻友好合作条约》签署25周年,两国全面战略协作伙伴关系保持高水平发展,各领域合作成果丰硕。面对变乱交织的国际形势,中俄关系的稳定性和确定性尤为宝贵,《中俄睦邻友好合作条约》的强大生命力和示范意义更加凸显。双方要全力落实我和普京总统达成的重要共识,加强战略沟通,密切外交协调,推动中俄全面战略协作伙伴关系站得更高、走得更稳、行得更远。 习近平强调,面对百年未有之大变局,中俄要以更加密切有力的战略协作,坚定捍卫两国正当利益,维护全球南方国家团结,体现大国和联合国安理会常任理事国的责任担当。双方要保持战略定力,彼此信任、相互支持、共同发展,做好自己
的事。要充分发挥毗邻和互补优势,深化全方位合作,提升各自发展韧性。要加强多边协作,坚定维护和践行多边主义,携手重振联合国权威和活力,在上海合作组织、金砖国家等框架内密切协调和配合,推动国际秩序朝着更加公正合理的方向发展。 拉夫罗夫转达普京总统对习近平主席的诚挚问候和良好祝愿,表示在两国元首战略引领下,俄中关系在复杂外部环境下展现高度韧性,贸易投资合作势头良好,人文交流日益密切,在联合国、上海合作组织、金砖国家、亚太经合组织等多边平台协调紧密。面对严峻复杂的国际形势,俄方愿同中方一道,切实落实两国元首达成的重要共识,保持高层交往,加强务实合作,促进人文交流,维护国际公平正义,推动俄中关系取得更大发展,为世界和平稳定作出更大贡献。 王毅参加会见。(完)
1. 4月15日上午,国家主席习近平在北京人民大会堂会见俄罗斯外长拉夫罗夫。 新华社记者 黄敬文 摄
