Connect with us

China

ယဉ်ကျေးမှုနှင့် အသိပညာဖလှယ်မှု မြှင့်တင်ရန် ယူအေအီးက တရုတ်နိုင်ငံ၌ လူငယ်ကောင်စီ ထူထောင်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ Sheikh Mohamed bin Zayed Al Nahyan အား ဆွေးနွေးပွဲမစတင်မီ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၂၀၂၄ ခုနှစ် မေ ၃၀ ရက်က အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အသိပညာဖလှယ်မှု အားကောင်းစေရန် တရုတ်တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ယူအေအီးနိုင်ငံမှ ကျောင်းသားများကို စုစည်းရန် ရည်ရွယ်၍ တရုတ်နိုင်ငံတွင် လူငယ်ကောင်စီကို ထူထောင်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်းတွင် နိုဝင်ဘာလ၌ စတင်ထူထောင်မည့် အဆိုပါကောင်စီသည် နိုင်ငံရပ်ခြားရှိ လူငယ်များအား ပိုမိုစွမ်းဆောင်နိုင်စေရန် ယူအေအီး၏ ကတိကဝတ်ကို ထင်ဟပ်ကြောင်း ယူအေအီး ဖက်ဒရယ်လူငယ်အာဏာပိုင်အဖွဲ့ ဒါရိုက်တာ Khalid Al Nuaimi က စက်တင်ဘာ ၁၁ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါကောင်စီသည် ယူအေအီးနိုင်ငံမှ လူငယ်များနှင့် တရုတ်လူငယ်များအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူအချင်းချင်း ချိတ်ဆက်မှု မြှင့်တင်ကာ ယူအေအီး-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါကောင်စီသည် ပညာရေး၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးပရိုဂရမ်များအပါအဝင် ပူးတွဲလုပ်ဆောင်မှုများကို စီစဉ်မည်ဖြစ်ပြီး ယူအေအီးနိုင်ငံမှ ကျောင်းသားများအား ယူအေအီးနိုင်ငံ၏ ကိုယ်ပိုင်အောင်မြင်မှုများကို ပြသခွင့်ရစေသည့်အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံမှလည်း လေ့လာသင်ယူနိုင်စေမည်ဖြစ်ကြောင်း Al Nuaimi ၏ပြောကြားချက်အရ သိရသည်။
ယူအေအီး ဖက်ဒရယ်လူငယ်အာဏာပိုင်အဖွဲ့သည် တရုတ်နိုင်ငံရှိ ယူအေအီးကျောင်းသားများအား တရုတ်နိုင်ငံတွင် ၎င်းတို့၏အတွေ့အကြုံမှ အကျိုးဖြစ်ထွန်းစေ၍ တန်ဖိုးရှိသော ကျွမ်းကျင်မှုများကို အမိနိုင်ငံသို့ ပြန်လည်ဆောင်ကြဥ်းနိုင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ၊ လေ့ကျင့်ရေးအခွင့်အလမ်းများနှင့် အသိပညာမျှဝေခြင်းအစီအစဥ်များမှတစ်ဆင့် ၎င်းတို့၏ ကျောင်းသားများအတွက် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း Al Nuaimi က ပြောကြားခဲ့သည်။
ထိုကောင်စီ၏ အသေးစိတ်စီမံကိန်းများနှင့် အစီအစဉ်များကို လာမည့်နှစ်လအတွင်း ထုတ်ပြန်ကြေညာရန် ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
UAE to launch youth council in China to boost cultural, knowledge exchange
DUBAI, Sept. 11 (Xinhua) — The United Arab Emirates (UAE) will establish a Youth Council in China, a platform aimed at bringing together Emirati students studying at Chinese universities to strengthen cultural and knowledge exchange between the two countries.
Khalid Al Nuaimi, director of the UAE Federal Youth Authority, told Xinhua on Thursday that the Council, to be launched in Beijing in November, reflects the UAE’s commitment to empowering young people abroad.
He added that the Council will serve as a bridge between Emirati youth and their Chinese peers, promoting people-to-people connections and advancing the UAE-China comprehensive strategic partnership.
The Council will organize joint activities, including educational, innovation, and digital economy programs, allowing Emirati students to learn from China’s development experience while showcasing the UAE’s own achievements, according to Al Nuaimi.
The Federal Youth Authority will continue its support for Emirati students in China through development programs, training opportunities, and knowledge-sharing initiatives, to ensure students benefit from their experience in China and bring valuable expertise back home, Al Nuaimi said.
Detailed plans and programs for the Council are expected to be announced within the next two months. ■
English Caption
Chinese President Xi Jinping holds a welcome ceremony for President of the United Arab Emirates (UAE) Sheikh Mohamed bin Zayed Al Nahyan in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, May 30, 2024. (Xinhua/Li Xueren)