Connect with us

Media

မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်သို့ ၈ လတာကာလအတွင်း ပြည်ပခရီးသွား ၅၀,၀၀၀ ကျော်အပါအဝင် ဘုရားဖူး ပြည်သူ ၄ ဒသမ ၆ သန်းကျော် လာရောက်

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာကာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူ ၄ ဒသမ ၆ သန်းကျော် ရွှေတိဂုံစေတီတော်သို့ လာရောက်ခဲ့ပြီး ၎င်းတို့အနက် ပြည်ပခရီးသွားဧည့်သည် ငါးသောင်းကျော်ရှိသည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများမှာ တရုတ်နိုင်ငံသား အများဆုံး ဖြစ်ပြီး ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံသားများလည်း လာရောက်လေ့ရှိကြောင်း သိရသည်။ (Xinhua)