Connect with us

China

တရုတ်နိုင်ငံ ရထားလမ်း မရွှေ့မပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှု ဇန်နဝါရီမှ သြဂုတ်ကာလတွင် ၅.၆ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် လိုင်ရှီးမြို့ ရှိ လိုင်ရှီး-ရုန်ချိန် အမြန်ရထားလမ်း ဖြတ်သန်းမည့် တံတားကြီးပေါ်တွင် အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရထားလမ်းတည်ဆောက်ရေးအားထုတ်မှုသည် ၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်း တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး မရွှေ့မပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ် ကာလတူကထက် ၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း China State Railway Group Co., Ltd အချက်အလက်များက ဖော်ပြခဲ့သည်။
ဇန်နဝါရီမှ သြဂုတ်အထိ ရထားလမ်းကဏ္ဍတွင် မရွှေ့မပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း ယွမ် ၅၀၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀.၉၈ ဘီလီယံခန့်) ရှိခဲ့ကြောင်း ကုမ္ပဏီ၏အဆိုအရ သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အလုံးစုံရင်းနှီးမြှုပ်နှံမှုကို မောင်းနှင်ပေးသည့် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် လုပ်ဆောင်လျက်ရှိပြီး ပြည်တွင်းဝယ်လိုအားကျယ်ပြန့်လာစေရန်အားထုတ်မှုများနှင့် တရုတ်နိုင်ငံ စီးပွားရေး တည်တည်ငြိမ်ငြိမ်ပြန်လည်ထူထောင်နိုင်ရန် ကျောထောက်နောက်ခံပြုခြင်းအတွက် အရှိန်အဟုန်သစ် ဖြည့်တင်းပေးခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနှံ့ရှိ ရထားလမ်းစီမံကိန်းများမှာ ယခုနှစ်အတွင်း ပုံမှန်တိုးတက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၃၀၁ ကီလိုမီတာ အရှည် ရထားလမ်း‌ကြောင်းသစ်များ လုပ်ငန်းလည်ပတ်နိုင်ခဲ့ပြီး ထပ်မံ ဆောက်လုပ်မည့် လမ်းကြောင်းများအတွက် ပြင်ဆင်ရေးလုပ်ငန်းများကိုလည်း ခိုင်ခိုင်မာမာတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China’s railway fixed-asset investment up 5.6 pct in January-August period
BEIJING, Sept. 14 (Xinhua) — China’s railway construction efforts saw steady progress in the first eight months of 2025, with fixed-asset investment rising 5.6 percent year on year, data from China State Railway Group Co., Ltd. showed.
From January to August, fixed-asset investment in the railway sector totaled 504.1 billion yuan (about 70.98 billion U.S. dollars), according to the company.
This investment has played a significant role in driving overall investment and injected fresh momentum into efforts to expand domestic demand and underpin the steady recovery of the Chinese economy, the company said.
Railway projects across the country have advanced steadily this year. In the first half of 2025, 301 km of new lines were put into operation, while preparatory work for the construction of additional routes also made solid progress.
Photo : This aerial photo taken on March 31, 2023 shows staff members working on a grand bridge of the Laixi-Rongcheng high-speed railway in Laixi, east China’s Shandong Province. (Xinhua/Zhu Zheng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.