China
WTT ချန်ပီယံ မကာအိုပြိုင်ပွဲ၌ စွန်းနှင့် ဝမ် ချန်ပီယံဆုများ ဆွတ်ခူး

မကာအို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ဝမ်ချူချင်းတို့က တစ်ကိုယ်တော် ချန်ပီယံဆုများကို စက်တင်ဘာ ၁၄ ရက်၌ ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နံပါတ် ၁ စားပွဲတင်တင်းနစ်မယ် စွန်းသည် ကမ္ဘာ့နံပါတ် ၂ နှင့် အသင်းဖော် ဝမ်မန့်ယွိကို ရမှတ် ၄-၃ ဖြင့် အနိုင်ရရှိကာ ၎င်း၏ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကြိတ်အနယ်ယှဉ်ပြိုင်ပွဲတွင် စွန်းက အဖွင့်ပွဲစဥ်၌ သိသိသာသာ အနိုင်ရခဲ့ပြီး ရမှတ် ၃-၂ ဖြင့် နောက်ပွဲစဥ်တွင်လည်း အနိုင်ရကာ အဆုံးအဖြတ်သတ္တမမြောက်ပွဲ၌လည်း အနိုင်ရရန် တွန်းအားဖြစ်ခဲ့သည်။
ဝမ်ချူချင်းက ဘရာဇီးနိုင်ငံမှ Hugo Calderano ကို ရမှတ် ၄-၀ (၁၁-၉၊ ၁၁-၇၊ ၁၁-၉၊ ၁၁-၄) ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက်က အဆိုပါဖိုင်နယ်ပွဲမတိုင်မီ အဓိကပွဲများဖြစ်သည့် ၂၀၂၅ ခုနှစ် ITTF အမျိုးသားနှင့် အမျိုးသမီးကမ္ဘာ့ဖလား မကာအိုပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဖိုင်နယ်ပွဲစဉ်များ ဒိုဟာပြိုင်ပွဲတို့၌ ယခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကာ တစ်ကြိမ်စီ အောင်ပွဲရရှိခဲ့ကြသည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲ၏ နက်နဲမှုကို မှတ်ချက်ပြုလျက် ဝမ်က တရုတ်အမျိုးသားအသင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပြောကြားခဲ့သည်။ “အားကစားတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပြိုင်ပွဲတွေက ပိုပြင်းထန်လာပါတယ်။ ဒါပေမဲ့ တရုတ်အသင်းက အင်အားအကောင်းဆုံးဖြစ်နေဆဲလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
လာမည့် ၂၀၂၅ ခုနှစ် WTT China Smash ကို မျှော်လင့်စောင့်စားလျက် စွန်းက နှစ်ယောက်တွဲပြိုင်ပွဲများတွင် ဝမ်နှင့် ၎င်း၏ မိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့သည်။ “ကျွန်မတို့တစ်ဦးချင်းပြိုင်ပွဲတွေပြီးရင် ပြန်ပြီးအသင်းဖွဲ့တဲ့အခါ ကျွန်မတို့ရဲ့ အဘက်ဘက်က အင်အားက အရမ်းခိုင်မာနေတုန်းပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒီ ၁၀ ရက်အတွင်းမှာ ပြိုင်ပွဲတွေအကြား ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ပြီး ကျွန်မတို့ရဲ့ စွမ်းအင်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ မျှော်လင့်ပါတယ်” လည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် ဘရာဇီးနိုင်ငံမှ Hugo Calderano တို့၏ အမျိုးသားတစ်ဦးချင်းဖိုင်နယ်ပွဲပြီးနောက် ဆုပေးပွဲအတွင်း တရုတ်နိုင်ငံမှ ဝမ်ချူချင်း (ယာ) နှင့် ဘရာဇီးနိုင်ငံမှ Hugo Calderanoတို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် ဘရာဇီးနိုင်ငံမှ Hugo Calderano တို့၏ အမျိုးသားတစ်ဦးချင်းဖိုင်နယ်ပွဲအတွင်း ယှဉ်ပြိုင်ကစားနေသော တရုတ်နိုင်ငံမှ ဝမ်ချူချင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိ နှင့် ယှဉ်ပြိုင်ရသည့် အမျိုးသမီးတစ်ဉီးချင်းဖိုင်နယ်ပွဲပြီးနောက် ဆုပေးပွဲမတိုင်မီ စင်ပေါ်၌ လမ်းလျှောက်နေသော တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိ နှင့် ယှဉ်ပြိုင်ရသည့် အမျိုးသမီးတစ်ဉီးချင်းဖိုင်နယ်ပွဲအတွင်း ယှဉ်ပြိုင်ကစားနေသော တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိ နှင့် ယှဉ်ပြိုင်ရသည့် အမျိုးသမီးတစ်ဉီးချင်းဖိုင်နယ်ပွဲပြီးနောက် တစ်နယ်တည်းသားချင်း ဝမ်မန့်ယွိနှင့် လက်ဆွဲနှုတ်ဆက်နေသည့် တရုတ်နိုင်ငံမှ စွန်းရင်ဆား (ဝဲ) ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Sun, Wang crowned at WTT Champions Macao
MACAO, Sept. 14 (Xinhua) — China’s Sun Yingsha and Wang Chuqin clinched the singles titles at the World Table Tennis (WTT) Champions Macao 2025 on Sunday.
World No. 1 Sun successfully defended her crown with a 4-3 win over world No. 2 and teammate Wang Manyu. In a gripping contest, Sun took the opener, trailed 3-2, and rallied to prevail in the deciding seventh game.
Wang Chuqin eased past Brazil’s Hugo Calderano 4-0 (11-9, 11-7, 11-9, 11-4). The pair had already met twice this year in major events, the ITTF Men’s and Women’s World Cup Macao 2025 and the ITTF World Table Tennis Championships Finals Doha 2025, with one victory each before Sunday’s final.
At the post-match press conference, Wang addressed the challenges facing China’s men’s team, noting the depth of global competition. “As the sport evolves, the competition is becoming increasingly fierce, but I believe the Chinese team is still the strongest,” he said.
Looking ahead to the upcoming 2025 WTT China Smash, Sun highlighted her partnership with Wang in mixed doubles. “After our singles matches, when we team up again, our overall strength is still very solid,” she said. “I hope that within these 10 days we can make a smooth switch between events and manage our energy well.” ■
English Caption 1
Wang Chuqin (R) and Sun Yingsha of China pose on the podium after the men’s singles final match between Wang Chuqin of China and Hugo Calderano of Brazil at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)
English Caption 2
Wang Chuqin (R) of China and Hugo Calderano of Brazil pose during the trophy presentation after the men’s singles final match between Wang Chuqin of China and Hugo Calderano of Brazil at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)
English Caption 3
Wang Chuqin of China competes during the men’s singles final match between Wang Chuqin of China and Hugo Calderano of Brazil at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)
English Caption 4
Sun Yingsha of China walks on stage before the trophy presentation after the women’s singles final match against Wang Manyu of China at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)
English Caption 5
Sun Yingsha of China competes during the women’s singles final match against Wang Manyu of China at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)
English Caption 6
Sun Yingsha (L) of China shakes hands with her compatriot Wang Manyu after the women’s singles final match at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 14, 2025. (Xinhua/Cheong Kam Ka)