Europe
ရုရှားနိုင်ငံ လီနင်ဂရတ်ဒေသရှိ အဓိကရေနံချက်စက်ရုံအား တိုက်ခိုက်ခဲ့ဟု ယူကရိန်း ကြေညာ

ကိဗ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း လီနင်ဂရတ်ဒေသရှိ ကီရီရှီ ရေနံချက်စက်ရုံကို စက်တင်ဘာ ၁၄ ရက် ညသန်းခေါင်ကျော်အချိန်၌ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံများထဲမှ တစ်ခုဖြစ်သည့် အဆိုပါစက်ရုံ၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မီးလောင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
မော်တော်ကား ဓာတ်ဆီ၊ ဒီဇယ်နှင့် လေကြောင်းလောင်စာဆီများ အပါအဝင် ရေနံထွက်ကုန် အမျိုးအစား ၈၀ ခန့်ကို ထုတ်လုပ်သည့် ထိုရေနံချက်စက်ရုံသည် ရုရှားစစ်တပ်ကို ထောက်ပံ့ရာတွင် ပါဝင်နေကြောင်း ၎င်းအစီရင်ခံစာအရ သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Ukraine claims strike on major oil refinery in Russia’s Leningrad region
KIEV, Sept. 14 (Xinhua) — The Ukrainian military said it struck the Kirishi oil refinery in Russia’s northwestern Leningrad region overnight on Sunday.
The attack caused explosions and a fire at the facility, which is one of the largest oil refineries in Russia, the Ukrainian Armed Forces said in a report.
According to it, the refinery, which produces about 80 types of petroleum products, including automotive gasoline, diesel, and aviation fuel, is involved in supplying the Russian army. ■
English Caption
Photo taken on June 2, 2017 shows a plant of the Udmurtia Petroleum Corp project in Udmurtia, a republic in western Russia. (Xinhua/Bai Xueqi)