China
တရုတ်-မြန်မာ ၈ ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ၊ ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင် အတူတကွ ကြီးမှူးကျင်းပ

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်-မြန်မာ ၈ ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင်တို့ အတူတကွ ကြီးမှူးကျင်းပခဲ့သည်။
ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများသည် ရှေးပဝေသဏီကပင် ချစ်ခင်ရင်းနှီးမှုရှိကြရာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသမိုင်းရှည်ကြာကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် ယာယီသမ္မတ မင်းအောင်လှိုင်တို့ ထျန်းကျင်းမြို့၌ တွေ့ဆုံချိန်တွင် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးတည်ချက်ကို ရှင်းလင်းစွာ လမ်းညွှန်ပေးခဲ့သလို လေးစားလိုက်နာဖွယ်ရာများကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို သေချာစွာ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ နိုင်ငံစုံမူဘောင်အောက်တွင် ဆွေးနွေးညှိနှိုင်းမှုများကို မြှင့်တင်ရန်၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် ထင်ရှားသော နယ်စပ်ဖြတ်ကျော်ပြစ်မှုများကို စုပေါင်းအင်အားဖြင့် စဉ်ဆက်မပြတ် တိုက်ဖျက်ရန်၊ တရားဥပဒေစိုးမိုးရေးစွမ်းရည် မွမ်းမံသင်တန်းများကို ပူးတွဲဆောင်ရွက်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်သွားရန်၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ လူပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်း၊ စီမံကိန်း လုံခြုံမှုကို လက်တွေ့အာမခံရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်မြှင့်တွန်းအားပေးရေးကို ကာကွယ်စောင့်ရှောက်သွားရန် ဆန္ဒရှိကြောင်း ဝမ်ရှောင်ဟုန်က ပြောကြားခဲ့သည်။
ထွန်းထွန်းနောင်က နှစ်နိုင်ငံ ၇ ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပသည့်အချိန်မှစ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် ကြွယ်ဝသော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ရေရှည်ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ခိုင်မာထိရောက်သည့်အစီအမံများကို ဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေး အင်အားကို တိုးချဲ့ရန်၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ လူပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းနှင့် စီမံကိန်း လုံခြုံမှုကို အာမခံရေးအား အစွမ်းကုန် မြှင့်တင် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးပြီးနောက် ဝမ်ရှောင်ဟုန်နှင့် ထွန်းထွန်းနောင်တို့အတူ အစည်းအဝေးမှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

တရုတ်-မြန်မာ ၈ ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင်တို့ အတူတကွ ကြီးမှူးကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
中缅第八次执法安全合作部长级会议举行 王小洪与缅甸内政部部长吞吞楠共同主持
新华社北京9月16日电(记者邵艺博)中缅第八次执法安全合作部长级会议15日在京举行,国务委员、公安部部长王小洪与缅甸内政部部长吞吞楠共同主持。
王小洪指出,中缅两国人民自古相亲相融,胞波情谊源远流长。习近平主席与敏昂莱代总统在天津会见时达成重要共识,为中缅执法安全合作指明了方向、提供了遵循。
王小洪表示,中方愿同缅方一道,认真落实两国领导人重要共识,积极践行全球安全倡议、全球治理倡议,深化执法安全领域务实合作,加强多边框架下沟通协调,持续合力打击电信网络诈骗、毒品等突出跨境犯罪,联合开展执法能力培训,共同维护中缅边境地区安宁,切实保障中方在缅人员、机构、项目安全,为加快推进中缅命运共同体建设保驾护航。
吞吞楠表示,两国第七次执法安全合作部长级会议召开以来,双方合作取得丰硕成果。缅方感谢中方长期以来的帮助支持,愿采取切实有效措施,加大打击跨境犯罪力度,全力加强中方在缅人员、机构和项目安全保障。
会后,王小洪与吞吞楠共同签署会议纪要。(完)
1. 9月15日,中缅第八次执法安全合作部长级会议在北京举行,国务委员、公安部部长王小洪与缅甸内政部部长吞吞楠共同主持。新华社记者 张领 摄