Connect with us

China

တရုတ်နိုင်ငံ ရှီးအန်းမြို့ရိုး၏ “ဒစ်ဂျစ်တယ်ဉာဏ်ရည် အကာအကွယ်ဒိုင်း”

တရုတ်နိုင်ငံရှိ ရှီးအန်းမြို့ရိုး၏ တောင်ပိုင်း အရှေ့ဘက်ခြမ်း ရှုမြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ပတ်လည်ထုအရှည် ၁၃.၇၄ ကီလိုမီတာ ရှိသည့် ရှီးအန်းမြို့ရိုးသည် တရုတ်နိုင်ငံတွင် လက်ရှိတိုင် တည်ရှိဆဲ ပမာဏအကြီးဆုံးနှင့် ထိန်းသိမ်းထားမှု အပြည့်စုံဆုံးသော ရှေးဟောင်းမြို့ရိုးများအနက် တစ်ခုဖြစ်သလို ပထမအသုတ် နိုင်ငံတစ်ဝန်း အဓိက ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ထိန်းသိမ်းသည့်နေရာလည်းဖြစ်သည်။
ရှေးဟောင်းမြို့တော် ရှီးအန်း၏ သမိုင်းဆင့်ကဲပြောင်းလဲလာမှုအား မျက်မြင်သက်သေပြုမှုအနေဖြင့် ရှီအန်းမြို့ရိုးသည် အခက်အခဲအကျပ်အတည်းများ၏ စမ်းသပ်မှုဒဏ်ကို ကျော်ဖြတ်ခဲ့ရာ အရေးကြီးသော ထိန်းသိမ်းရန် အဖိုးထိုက်မှုရှိပေသည်။
၂၀၂၃ ခုနှစ်မှစ၍ ရှီးအန်းမြို့ရိုးသည် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း စုစည်းထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှုခရီးသွားကဏ္ဍ လည်ပတ်ရေး၊ အရေးပေါ် စီမံခန့်ခွဲရေး၊ ရေကြီးရေလျှံမှု ကာကွယ်ခြင်း ကွပ်ကဲရေး စသည့် တစ်သားတည်းဖြစ်သော ဒစ်ဂျစ်တယ် ဘက်စုံစီမံခန့်ခွဲရေး ပလက်ဖောင်းကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ Big Data ၊ အင်တာနက်ချိတ်ဆက်ပစ္စည်း (IoT)၊ စစ်တမ်းကောက် စကင်န်ဖတ်ခြင်း စသည့် ရှေ့ပြေးနည်းပညာများကို ဘက်စုံအသုံးပြုကာ အချက်အချာကျသည့် နည်းပညာ ထိုးဖောက်မှုနှင့် အရေးကြီး ဒေတာအချက်အလက်များ၏ ပေါင်းစည်းမျှဝေမှုမှတစ်ဆင့် မြို့ရိုးအတွက် “ဒစ်ဂျစ်တယ်ဉာဏ်ရည် အကာအကွယ်ဒိုင်း” တည်ဆောက်ပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံရှိ ရှီးအန်းမြို့ရိုး ရုန်နင်မုခ်ဦးအတွင်း ခရီးသွားဧည့်သည်များ လည်ပတ်နေကြပြီး မြို့ရိုးဘယ်ဘက်အခြမ်းတွင် တပ်ဆင်ထားသော မြို့ရိုးတံတိုင်း ကွဲအက်မှုစမ်းသပ်ကိရိယာအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရှီးအန်းမြို့ရိုး ဒစ်ဂျစ်တယ် ဘက်စုံစီမံခန့်ခွဲမှု ပလက်ဖောင်းတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းကျုံးတွင် သန့်ရှင်းရေးလုပ်ဆောင်နေသည့် စမတ် သန့်ရှင်းရေး ရေယာဉ်အား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

————————-
(Chinese Version)
文化中国行|西安城墙的“数智盾牌”
新华社照片,西安,2025年9月15日
周长13.74公里的西安城墙,是我国现存规模最大、保存最完整的古代城垣之一,也是第一批全国重点文物保护单位。作为古都西安历史变迁的见证,西安城墙经历了沧桑洗礼,具有重要的保护价值。 自2023年以来,西安城墙建立了集文物保护、文旅运营、应急管理、防汛指挥等功能于一体的数字方舱综合管理平台,综合运用大数据、物联网、测绘扫描等先进技术,通过关键技术突破和重要数据的融合共享,为城墙保护竖起了“数智盾牌”。
1. 西安城墙南段东侧景色(9月12日摄)。 新华社记者 邵瑞 摄
2. 9月12日,游客在西安城墙永宁门内游览,左侧城墙上布设着墙体裂缝监测仪。新华社记者 邵瑞 摄
3. 9月10日,工作人员通过西安城墙数字方舱综合管理平台开展工作。新华社记者 邵瑞 摄
4. 智能清洁船在西安护城河作业(2024年7月2日摄)。新华社记者 张博文 摄