North America
ဗြိတိန်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံမှုကို Microsoft ကြေညာ

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လေးနှစ်အတွင်း ဥာဏ်ရည်တု (AI) အခြေခံအဆောက်အအုံနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Microsoft (မိုက်ခရိုဆော့ဖ်) ကုမ္ပဏီက စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။ယင်းသည် ဗြိတိန်တွင် ပြုလုပ်ဖူးသမျှ အကြီးမားဆုံး ဘဏ္ဍာရေး ကတိကဝတ် ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် နိုင်ငံ၏ Cloud နှင့် AI အခြေခံ အဆောက်အအုံ တိုးချဲ့ရန် ငွေလုံးငွေရင်း အသုံးစရိတ် ဒေါ်လာ ၁၅ ဘီလီယံ ပါဝင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ကျန်ရှိသော ရင်းနှီးမြုပ်နှံမှုတစ်ဝက်မှာ အဆင့်မြင့်သုတေသန၊ AI မော်ဒယ်နှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ ဂိမ်းအသစ်ဖန်တီးမှု၊ ဒေတာစင်တာ လည်ပတ်မှုနှင့် ဗြိတိန်တစ်ဝန်း သုံးစွဲသူများသို့ ရောင်းချမှုနှင့် ပံ့ပိုးကူညီမှုတို့ အပါအဝင် လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ထုတ်ပြန်ချက်အရ သိရသည်။
“မိုက်ခရိုဆော့ဖ်ရဲ့ အထင်ကရ ရင်းနှီးမြုပ်နှံမှုက AI နဲ့ ခေတ်မီနည်းပညာတွေမှာ ဗြိတိန်ရဲ့ ဦးဆောင်မှုအပေါ် အားကောင်းတဲ့ ယုံကြည်မှုဖြစ်ပါတယ်။ ဒီကတိကဝတ်က ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို အားကောင်းစေရုံ၊ ကျွမ်းကျင်မှုမြင့်မားတဲ့ အလုပ်အကိုင်ထောင်ပေါင်းများစွာကို ပံ့ပိုးပေးရုံသာမက ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ‘အပြောင်းအလဲအတွက် အစီအစဉ်’ ကို ဖော်ဆောင်ပေးတာကြောင့် ဗြိတိန်ကို ကမ္ဘာ့ဆန်းသစ်တီထွင်မှုရဲ့ ရှေ့တန်းမှာ ဆက်လက်ရပ်တည်နေစေမှာပါ” ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………..
(English Version)
Microsoft announces 30 bln USD investment in Britain
SAN FRANCISCO, Sept. 16 (Xinhua) — Microsoft on Tuesday announced a 30 billion U.S.-dollar investment in artificial intelligence (AI) infrastructure and operations in Britain over the four years from 2025 to 2028.
It is the largest financial commitment it has ever made in Britain, the company said, adding the plan includes 15 billion dollars in capital expenditures to expand the country’s cloud and AI infrastructure.
The remaining half of the investment will go to ongoing operations, including advanced research, AI model and product development, new game creation, datacenter operations, and customer sales and support across Britain, according to Microsoft.
“Microsoft’s landmark investment is a powerful vote of confidence in UK’s leadership in AI and cutting-edge technology. This commitment will not only strengthen our digital infrastructure and support thousands of highly skilled jobs, but also ensure Britain remains at the forefront of global innovation as we deliver on our Plan for Change,” British Prime Minister Keir Starmer said. ■
English Caption
A visitor poses for a photo with Microsoft’s logo at Microsoft’s corporate headquarters in Redmond, Washington State, the United States, Sept. 19, 2015. (Xinhua/Yang Lei)