Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ (၂၀၂၅) လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ဖနွမ်းပင်မြို့၌ ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ (၂၀၂၅) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ခ် ဆိုခွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ပင်းတို့အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ (၂၀၂၅) လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
စီမံကိန်း ၁၁ ခု ပါဝင်သည့် အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ခ် ဆိုခွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ပင်းတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဆိုခွန်းက LMC အထူးရန်ပုံငွေမှာ ဒေသတွင်း ပေါင်းစည်းဖြစ်တည်မှုအား ပိုမိုနက်ရှိုင်းစေကာ အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို မြှင့်တင်ပေးသည့် အဓိက မောင်းနှင်အားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ မျှော်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တခြား မဲခေါင်ဒေသနိုင်ငံတွေနဲ့အတူ အလွှာအသီးသီးမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထပ်လောင်းကတိပြုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ပင်းကလည်း တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ အပူပိုင်းဒေသ ရောဂါများအား ကာကွယ်ထိန်းချုပ်ခြင်း၊ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် နေရပ်ဌာနေများကို ပြုပြင်တည်ဆောက်ပေးခြင်း အပါအဝင် နယ်ပယ်အများအပြားကို လွှမ်းခြုံမှုရှိသည့် LMC အထူးရန်ပုံငွေ စီမံကိန်း ၁၀၈ ခုအား အကောင်အထည်ဖော်ရာတွင် ကမ္ဘောဒီးယားနိုင်ငံအား ပံ့ပိုးကူညီလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား အပါအဝင် မဲခေါင်ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်၊ အရည်အသွေးမြင့် စီမံကိန်းများကို ထပ်မံဖော်ဆောင်ရန်၊ LMC နိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ဆိုသည်။
LMC နိုင်ငံများထဲတွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Signing ceremony for LMC Special Fund 2025 for Cambodia held in Phnom Penh
PHNOM PENH, Sept. 18 (Xinhua) — The signing ceremony for the Lancang-Mekong Cooperation (LMC) Special Fund 2025 for Cambodia was held here on Wednesday.
Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn and Chinese Ambassador to Cambodia Wang Wenbin attended the event, which involved 11 projects.
Speaking at the event, Sokhonn said this special fund is a major driving force that has further deepened regional integration and promoted sustainable development and prosperity for all member countries.
“I would like to reiterate Cambodia’s commitment to working closely for cooperation at all levels with China and other Mekong countries to achieve the vision of our leaders,” he said.
Wang said under the framework of Lancang-Mekong Cooperation, China has so far supported Cambodia in carrying out 108 LMC Special Fund projects, covering many fields such as poverty reduction, mine clearance, education, tropical disease prevention and control, and repairing houses for disaster-stricken people.
China is willing to further strengthen solidarity and cooperation with Mekong countries, including Cambodia, to create more high-quality projects and move towards building a community with a shared future for LMC countries, Wang said.
The LMC countries include China, Myanmar, Thailand, Laos, Cambodia and Vietnam.■
English Caption
Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn and Chinese Ambassador to Cambodia Wang Wenbin attended the signing ceremony for the Lancang-Mekong Cooperation (LMC) Special Fund 2025 for Cambodia held in Phnom Penh, capital of Cambodia, on Sept. 17, 2025. (Xinhua/Sovan Nguon)