China
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ခိုင်မာသော ပံ့ပိုးကူညီမှုပေးရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအတွက် ခိုင်မာသော ပံ့ပိုးကူညီမှုပေးရေးနှင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်ကြရန် စက်တင်ဘာ ၁၇ ရက်၌ တိုက်တွန်းခဲ့သည်။
၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ်သို့ တက်ရောက်ရန် ပေကျင်းမြို့၌ ရောက်ရှိနေကြသော မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ နမီးဘီးယား၊ ရဝမ်ဒါနှင့် ဆီနီဂေါ နိုင်ငံတို့မှ ကာကွယ်ရေးဦးစီးချုပ်များနှင့် သီးခြားတွေ့ဆုံမှုများအတွင်း တုန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကာကွယ်ရေးဦးစီးချုပ်များအား နွေးထွေးစွာ ကြိုဆိုလျက် တုန် က ယခုနှစ်ဖိုရမ်သည် သမိုင်းဝင် အရေးပါမှုရှိပြီး လက်တွေ့ကျသော အရေးပါမှုလည်း ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်တပ်မတော်သည် သက်ဆိုင်သူအားလုံးနှင့် ၎င်း၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေး တိုးမြှင့်ရန်၊ အဆင့်မြင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန်နှင့် အန္တရာယ်များ၊ စိန်ခေါ်မှုများအားတုံ့ပြန်ရေး ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။
တွေ့ဆုံမှုများအတွင်း အဆိုပါပြည်ပနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများအားလုံးက တရုတ်နိုင်ငံနှင့် စစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China’s defense minister calls for strong support for global governance
BEIJING, Sept. 17 (Xinhua) — China’s Minister of National Defense Dong Jun on Wednesday called for efforts to provide strong support for global governance, and to work together to build a community with a shared future for humanity.
Dong made the remarks during separate meetings with the defense chiefs of Malaysia, Cambodia, Myanmar, Namibia, Rwanda and Senegal, all of whom are in Beijing to attend the 12th Beijing Xiangshan Forum.
Extending a warm welcome to the defense chiefs, Dong said that this year’s forum is of historical significance and practical importance.
The Chinese military is ready to carry forward its long-standing friendships with all parties, enhance strategic communication, engage in higher-level security cooperation, and work collaboratively to respond to risks and challenges, he said.
During the meetings, the foreign defense ministers all expressed their willingness to strengthen military cooperation with China. ■
English Caption
The 11th Beijing Xiangshan Forum opens at the Beijing International Convention Center in Beijing, capital of China, Sept. 13, 2024. (Photo by Han Qiyang/Xinhua)