Connect with us

China

တရုတ်-အာဆီယံ လက်တွဲအတူ ဒေသတွင်း တစ်သားတည်းအသွင်ပြောင်းရေးကဏ္ဍသစ်အား ရေးဆွဲ

၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ “ဒစ်ဂျစ်တယ် ဉာဏ်ရည်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ကိုဦးဆောင်ရေး - တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်း၏ အခွင့်အလမ်းသစ်များဖြင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား ကူညီအားဖြည့်ခြင်း” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရွှေရောင်ဆောင်းဦး စက်တင်ဘာလတွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး အသစ်တစ်ကြိမ်သည် ချိန်းဆိုချက်များနှင့်အညီ ရောက်ရှိ၍လာပြီဖြစ်သည်။ ဤနိုင်ငံတကာ ကုန်သွယ်စီးပွားဆိုင်ရာ အခမ်းအနားပွဲကြီးသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ဘက်စုံထောင့်စုံ ပူးပေါင်းဖလှယ်မှုကို အထောက်အကူပြု တွန်းအားပေးကာ ပို၍ နီးကပ်သည့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တက်ကြွသည့်အင်အားများ ဖြည့်တင်းပေးလျက်ရှိသည်။

တရုတ်-အာဆီယံသည် ဘက်စုံထောင့်စုံ၊ နက်ရှိုင်းသည့် အလွှာစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း တစ်သားတည်းအသွင်ပြောင်းရေး ကဏ္ဍသစ်ကို အတူတကွ ရေးဆွဲခဲ့ကြသည်။ ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပထမဆုံးအဖြစ် ဉာဏ်ရည်တု (AI) အထူးပြခန်း ထားရှိပြီး ပြည်တွင်းပြည်ပ ရှေ့ပြေး AI ထုတ်ကုန်ပစ္စည်း ၁,၂၀၀ ပြသထားသည်။ ဤနိုင်ငံနယ်နိမိတ်ခြားနားမှုကို ကျော်လွှားသည့် “သိပ္ပံနည်းပညာ စုံညီပွဲကြီး” သည် နှစ်ဖက်နယ်ခြားကုန်ထုတ်လုပ်ငန်း ဟန်ချက်ညီညီ ပုံစံကျ အရှိန်ရလာမှု၏ သက်ဝင်ထင်ရှားသော မျက်မြင်သက်သေပင်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အာဆီယံသည် အပြန်အလှန်အားဖြင့် နှစ်ပေါင်းများစွာ ဆက်တိုက် အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်ကြသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံနှင့် အာဆီယံ ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၅၉၇ ဘီလီယံ ရှိရာ ယမန်နှစ်ကာလတူထက် ၈.၂ ရာခိုင်နှုန်း တိုးတက်လာသလို ယင်းကာလ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်ရေး စုစုပေါင်း ပမာဏ၏ ၁၆.၇ ရာခိုင်နှုန်း ရှိခဲ့သည်။ တိုးတက်မှုလမ်းကြောင်း၏နောက်ကွယ်တွင် နှစ်ဖက်စဉ်ဆက်မပြတ် တိုးမြင့်လာသည့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် နေ့စဉ် နီးကပ်သည့် ကုန်သွယ်စီးပွားဆက်ဆံရေးဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်တွင် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၏ ကြံ့ကြံ့ခံမှုနှင့်ရှင်သန်စွမ်းအားကို ပြသလျက်ရှိသည်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဟူသော သင်္ဘောကြီးသည် ရွက်လွှင့်၍ ခရီးဝေးသို့ မောင်းနှင်လျက်ရှိပေသည်။ ဒေသတွင်းစီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ၂၀၀၂ ခုနှစ်က လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်မှုကို တရားဝင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၂.၀ ဗားရှင်းအဖြစ် အဆင့်မြှင့်တင် ဖော်ဆောင်ခဲ့သလို အများအာရုံစိုက်ကြသည့် ၃.၀ ဗားရှင်း စေ့စပ်ဆွေးနွေးမှုသည် ဘက်စုံပြီးစီးခဲ့ပြီဖြစ်သလို ယခုနှစ်အတွင်း ပရိုတိုကော လက်မှတ်ရေးထိုးမည် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ ရှေ့သို့ လျှောက်လှမ်းနေခြင်းနှင့်အတူ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေလွယ်ကူရေးယန္တရား၏ အကျိုးခံစားရမှုများကို တစ်ဆင့်တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တရုတ်-အာဆီယံ ဒေသတွင်း စီးပွားရေး တစ်သားတည်းအသွင်ကဏ္ဍ စဉ်ဆက်မပြတ် တိုးချဲ့လာသလို အလွှာအသီးသီး စဉ်ဆက်မပြတ် ပို၍ နက်ရှိုင်းလာခဲ့သည်။

လက်ရှိ ကမ္ဘာသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့်ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ နိုင်ငံစုံကုန်သွယ်ရေးယန္တရားနှင့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို ကာကွယ်ထိန်းသိမ်းရာတွင် စိန်ခေါ်မှုအထပ်ထပ်နှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံနှင့် အာဆီယံသည် ဖွံ့ဖြိုးဆဲစီးပွားရေး အစုအဖွဲ့အနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းတည်ဆောက်ခြင်းမှတစ်ဆင့် အပြန်အလှန်တံခါးဖွင့်လှစ်မှုကို တိုးချဲ့ခြင်းသည် ထင်ရှားသည့် ပမာဏစီးပွားရေး သက်ရောက်မှု၊ ကုန်ထုတ်လုပ်ငန်း ပေါင်းစပ် အကျိုးသက်ရောက်မှု၊ ဖွံ့ဖြိုးတိုက်ရေး ပြင်ပသို့ ပြည့်လျှံသက်ရောက်မှုများကို ဖြစ်တည်စေနိုင်သည်။ ယင်းမှာ နှစ်ဖက်စီးပွားရေးတိုးတက်မှုအတွက် တောင့်တင်းသည့် တွန်းအားဖြစ်စေမည်သာမက ဒေသတွင်းနှင့် ကမ္ဘာကြီး စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ခိုင်မာသော အထောက်အပံ့ ဖြစ်ပေမည်။

အဆုံးမရှိ ကျယ်ပြောလှသည့်ရေပြင်တွင် ဦးတည်ချက်ထား၍ လေစုန်ရွက်လွင့်ကြရမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာဆီယံသည် စိတ်ရင်းစေတနာမှန်ကန်စွာ အပြန်အလှန်ဆက်ဆံခြင်း၊ အပြန်အလှန် ဖေးမကူညီခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်း၊ ဟန်ချက်ညီညီ အားလုံးပါဝင်ခြင်းဖြင့် အိမ်နီးချင်းချစ်ကြည်ရင်းနှီးသော၊ ဘုံဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောသော ရေရှည်လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည်။ ဤသို့ ပင်လယ်သမုဒ္ဒရာ၊ တောတောင်ရေမြေကို ဖြတ်ကျော်သည့် “နှစ်ဖက်အပြန်အလှန် အရှိန်မြှင့်တင် သွားလာမှု” သည် မတည်မငြိမ်မှုများဖြင့် ပြောင်းလဲနေသည့် ကမ္ဘာကြီးအတွက် ပို၍များပြားသော တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ဖြည့်တင်းပေးမည်သာဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ဉာဏ်ရည်တု စက်ပစ္စည်းများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ ပြင်ပတွင် လမ်းလျှောက်သွားသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
新华时评|中国东盟携手书写区域一体化新篇
新华社南宁9月17日电 题:中国东盟携手书写区域一体化新篇   新华社记者覃星星、朱丽莉
金秋九月,新一届的中国—东盟博览会、中国—东盟商务与投资峰会如约而至。这场国际经贸盛会助推中国与东盟国家全方位交流合作,为构建更为紧密的中国—东盟命运共同体注入澎湃动力。   中国与东盟以全方位、深层次的合作,共同书写区域一体化的崭新篇章。本届东博会首设人工智能专馆,展示1200项国内外前沿AI产品。这场跨越国界的“科技大集”是双方跨境产业协同正在成型起势的生动见证。
中国与东盟已连续多年互为最大贸易伙伴。今年1至7月,中国同东盟贸易规模达5970亿美元,同比增长8.2%,占同期中国外贸总额的16.7%。增长曲线背后,是双方不断增强的政治互信和日益紧密的经贸关系,彰显出中国—东盟自贸区在全球贸易体系中的韧性与活力。
区域合作的巨轮,正扬帆远航。为促进区域经济发展,中国和东盟国家于2002年正式启动自贸区建设,2019年实现2.0版升级,广泛关注的3.0版谈判已全面完成并将于年内签署议定书。随着合作稳步推进,贸易投资便利化的制度红利进一步释放,中国—东盟区域经济一体化领域不断拓宽,层次不断加深。
当前,世界百年变局加速演进,维护多边贸易体制和经济全球化面临多重挑战。中国与东盟作为两大发展中经济体,通过自贸区3.0版建设共同扩大相互开放,能形成更显著的规模经济效应、产业集聚效应、发展外溢效应,不仅将为双方经济增长提供强劲动力,也将为地区和世界繁荣发展提供坚实的支撑。
浩渺行无极,扬帆但信风。中国同东盟坚持真诚相待、守望相助、互利互惠、协调包容,走出一条长期睦邻友好、共同发展繁荣的道路。这场跨越山海的“双向奔赴”,将为动荡变革中的世界注入更多稳定性和确定性。(完)
1. 9月17日,第22届中国-东盟博览会暨中国-东盟商务与投资峰会在广西南宁开幕,主题为“数智赋能发展,创新引领未来——以中国-东盟自贸区3.0版新机遇助建命运共同体”。 新华社记者 曹祎铭 摄
2. 这是9月17日在广西南宁国际会展中心拍摄的人工智能设备。新华社记者 曹祎铭 摄
3. 9月17日,在广西南宁国际会展中心,人们从展馆外走过。新华社记者 陆波岸 摄
4. 这是9月17日在广西南宁国际会展中心拍摄的第22届中国-东盟博览会暨中国-东盟商务与投资峰会开幕式现场。新华社记者 曹祎铭 摄