Connect with us

International Organizations

အီရန်အား ရည်ရွယ်သည့် “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား အတင်းအဓမ္မ တွန်းအားပေး စတင်ခြင်းအား အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်ကိုယ်စားလှယ် ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၁၉ ရက်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အစီအမံ ဆက်လက်ပယ်ဖျက်ရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲပြီးနောက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ရှင်းလင်းပြောကြားချက်အနေဖြင့် ဆွေးနွေးရာ၌ “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားစတင်ရန် လုံခြုံရေးကောင်စီကို သက်ဆိုင်ရာနိုင်ငံက အတင်းအဓမ္မ တွန်းအားပေးမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဖုချုံးက တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီက အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အစီအမံ ဆက်လက်ပယ်ဖျက်ခြင်းကို ထောက်ခံအားပေးသဖြင့် ဆုံးဖြတ်ချက်မူကြမ်းအပေါ် ထောက်ခံမဲပေးခဲ့ကြောင်း၊ “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားစတင်ရန် လုံခြုံရေးကောင်စီကို သက်ဆိုင်ရာနိုင်ငံက အတင်းအဓမ္မ တွန်းအားပေးမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာကန့်ကွက်ကြောင်း၊ အဆိုပါလုပ်ရပ်သည် နိုင်ငံရေး သံတမန်ရေးနည်းလမ်းဖြင့် အီရန် နျူကလီးယားအရေးအား ဖြေရှင်းရန် ကြိုးပမ်းမှုကို ဆိုးရွားစွာ ထိခိုက်စေမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
လက်ရှိ အီရန်နျူကလီးယားအရေး အကျပ်အတည်းအား ဖြစ်စေခဲ့သည့် အရင်းခံမှာ အမေရိကန်က ၂၀၁၈ ခုနှစ်တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ဖော်ဆောင်၍ အဆက်မပြတ် အဆင့်မြှင့်တင်ခြင်းကြောင့် အီရန်က သဘောတူညီချက်တွင် ပေးအပ်ထားသော စီးပွားရေးအကျိုးအမြတ်များ ခံစားနိုင်ခြင်းမရှိဘဲ သဘောတူညီချက်ပါ တာဝန်ဝတ္တရားများကို မဖြစ်မနေ လျှော့ချဖော်ဆောင်ရခြင်းကြောင့် ဖြစ်သည်ဟု ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။
အမေရိကန်က မိမိ၏ယုံကြည်မှုဂုဏ်သိက္ခာကိုပင် မငဲ့ကွက်ဘဲ အီရန် နျူကလီးယားအဆောက်အဦများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ကြမ်းတမ်းစွာ လုပ်ဆောင်ခဲ့ရာ ၎င်းကိုယ်တိုင် စတင်ဖော်ဆောင်ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ဖျက်ဆီးခဲ့ကြောင်း၊ ထိုကဲ့သို့အခြေအနေတွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား တစ်ဇွတ်ထိုးစတင်၍ အီရန်အပေါ် တစ်ဖက်သတ်ဒဏ်ခတ်မှုသည် တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ အဆိုပါလုပ်ရပ်သည် လုံခြုံရေးကောင်စီတွင် တင်းမာမှုနှင့် ပြိုကွဲမှုများ ဖန်တီးလိုက်သောကြောင့် ဘက်အသီးသီးက အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်နှင့် ကွဲလွဲမှုများကို ရင်ကြားစေ့ရန် အထောက်အကူမပြုသလို ဆွေးနွေးညှိနှိုင်းမှု ဆောလျင်စွာ ပြန်လည်စတင်ရန် တွန်းအားပေးသည့် သံတမန်ရေး ကြိုးပမ်းမှုများအတွက်လည်း အကျိုးမပြုသည့်အပြင် မမျှော်မှန်းနိုင်သော ကပ်ဘေးအသွင် နောက်ဆက်တွဲရလဒ်များပင် ဖြစ်လာစေနိုင်သောကြောင့် နှစ်ပေါင်းများစွာ သံတမန်ရေး ကြိုးပမ်းမှုများကို ဖျက်ဆီးလိုက်နိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ဆိုးရွားစွာ စိုးရိမ်ပူပန်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးအား နိုင်ငံရေး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် တစ်ခုတည်းသော ထိရောက်မှုရှိ၍ ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှု၊ ရေရှည်ငြိမ်းချမ်းမှုဖော်ဆောင်ရန် မှန်ကန်သော လမ်းကြောင်းအဖြစ် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ ယင်းသည်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျအမြင်ဖြစ်ကြောင်း ဖုချုံးက အလေးထား ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ သံတမန်ရေးနှင့် တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာအား ဖြေရှင်းရန်၊ ပိတ်ဆို့အရေးယူ ဖိအားပေးမှုနှင့် အခြေအနေ အဆင့်မြင့်တက်လာမှုတို့ တစ်လှည့်စီဖြစ်ပေါ်နေသည့်သံသရာဆိုးကြီးထဲ ပြန်လည်သက်ဆင်းမှုအား ရှောင်ကြဉ်ရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီအနေဖြင့် အပြုသဘော အခန်းကဏ္ဍမှပါဝင်၍ သက်ဆိုင်ရာဘက်အသီးသီးက ယုံကြည်မှုတည်ဆောက်ရန်၊ ကွဲလွဲမှုများ ရင်ကြားစေ့ရန် ကူညီပေးပြီး နိုင်ငံရေးဖြင့် ဖြေရှင်းမှုလုပ်ငန်းစဉ်အား တွန်းအားပေးသင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ လုံခြုံရေးကောင်စီက အီရန်နျူကလီးယား သဘောတူညီချက်၏ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်အား နည်းပညာအရ သက်တမ်းတိုးသည့် ဆုံးဖြတ်ချက်မူကြမ်းကို စိစစ်ခွင့်ပြုရန် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ယင်းသည် အခြေအနေပျက်ပြား၍ ပြန်လည်အဖတ်ဆယ်မရသော အခြေအနေအတွင်းသို့ ကျရောက်သွားခြင်းမှ ကာကွယ်ရန်အတွက် သံတမန်ရေးအရ ကြိုးပမ်းမှုအတွက် အချိန်ရယူပေးရန်၊ နိုင်ငံရေးအရ ဖြေရှင်းမှုအတွက် အခြေအနေ ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် အဆိုပါမူကြမ်းအား အပြုသဘောဆောင်စွာ ထည့်သွင်းစဉ်းစားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သူနှင့် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ လုံခြုံတည်ငြိမ်မှုကို အစဉ်တစိုက် ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသော ရပ်တည်ချက်ကို ဆက်လက်အရင်းခံကာ ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းကာ အီရန် နျူကလီးယားအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးလုပ်ငန်းစဉ်အား တွန်းအားပေးဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စက်တင်ဘာ ၁၉ ရက်တွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အစီအမံ ဆက်လက်ပယ်ဖျက်ရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲခဲ့ရာ ယင်းမူကြမ်းကို အတည်ပြုနိုင်ခြင်းမရှိပေ။ ယင်းဆုံးဖြတ်ချက်မူကြမ်းအား အတည်ပြုနိုင်ခဲ့ပါက အီရန်နျူကလီးယား သဘောတူညီချက်နှင့် လုံခြုံရေးကောင်စီ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်၏ သက်ဆိုင်ရာ သတ်မှတ်ချက်အရ လုံခြုံရေးကောင်စီ၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အစီအမံများကို ဆက်လက်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
中国代表:坚决反对强推启动针对伊朗的“快速恢复制裁”机制
新华社联合国9月19日电 中国常驻联合国代表傅聪19日在安理会表决继续解除对伊制裁措施决议草案后作解释性发言,强调中方坚决反对有关国家强推安理会启动“快速恢复制裁”机制。
傅聪说,中方支持继续解除安理会对伊制裁措施,对决议草案投了赞成票。中方坚决反对有关国家强推安理会启动“快速恢复制裁”机制,认为这种做法将严重损害通过政治外交方式解决伊核问题的努力。
傅聪指出,造成当前伊核问题困局的根源,是美国2018年单方面退出伊核协议,恢复并不断升级对伊单边制裁,致使伊朗无法享有协议赋予的经济红利,被迫减少履行协议义务。美国还置自身信誉于不顾,悍然对伊核设施发动军事打击,破坏由其自身发起的谈判进程。在这种情况下,英国、法国、德国执意启动“快速恢复制裁”机制,对伊进行单方面惩罚,是不公平、不合理的。此举在安理会制造紧张和分裂,无助于各方重建互信、弥合分歧,不利于推动实现早日复谈的外交努力,甚至可能导致不可预测的灾难性后果,将多年来的外交努力毁于一旦。中方对此严重关切。
傅聪强调,中方始终主张,政治外交解决伊核问题是唯一有效、可行选项,是实现持久和平的正确路径。这也是国际社会的普遍看法。当前局势下,中方呼吁各方保持冷静克制,通过外交和对话解决问题,避免重回制裁施压与局势升级相互交替的恶性循环。
傅聪表示,安理会应发挥建设性作用,协助有关各方建立信任、弥合分歧,推动政治解决进程。中国同俄罗斯一道散发关于安理会核可伊核协议的第2231号决议技术性延期的决议草案,旨在为外交努力争取时间、为政治解决创造条件,防止形势破局、陷入不可挽回的境地,希望各方积极考虑这份草案。
傅聪说,作为伊核协议参与方和安理会常任理事国,中方始终致力于伊核问题政治解决和中东地区安全稳定。中方将继续秉持客观公正立场,努力劝和促谈,为推进伊核问题政治解决进程发挥建设性作用。
联合国安理会19日就一份旨在继续解除对伊朗制裁措施的决议草案进行表决,草案未能通过。决议草案如获通过,将根据伊核协议及安理会第2231号决议相关规定,继续解除安理会对伊朗的制裁措施。(完)
图说:这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄