Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်း နိုင်ငံတကာဓာတ်ပုံပြပွဲတွင် ဓာတ်ပုံပေါင်း ၂၀,၀၀၀ ပြသမည်

တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ဖိန်ရောင်ခရိုင်တွင် ပြုလုပ်သည့် ၂၄ ကြိမ်မြောက် ဖိန်ရောင်နိုင်ငံတကာဓာတ်ပုံပြပွဲတွင် လာရောက်လည်ပတ်သူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထိုက်ယွမ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရှေးဟောင်းဗိသုကာလက်ရာများကောင်းစွာထိန်းသိမ်းထားသည်ဟုသိကြသည့် UNESCO ကမ္ဘာ့အမွေအနှစ် နေရာဖြစ်သည့် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ရှေးဟောင်းမြို့ ဖိန်ရောင်တွင် ၂၅ ကြိမ်မြောက် ဖိန်ရောင်နိုင်ငံတကာ ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၁၉ ရက်တွင် စတင်ခဲ့သည်။
“နယ်နိမိတ်ကျော်လွှားခြင်း၊ အနာဂတ်ဆီသို့ ဉာဏ်ရည်ရှိရှိထိုးထွင်းသိမြင်ခြင်း” ဆိုသည့် အဓိက ခေါင်းစဥ်များဖြင့် ငါးရက်ကြာပြုလုပ်မည့်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခု၊ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များ မြူနီစီပယ်မြို့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၅ ခုမှ ဓာတ်ပုံဆရာပေါင်း ၅,၀၀၀ ကျော်အား ဆွဲဆောင်ထားပြီး ဓာတ်ပုံပေါင်း ၂၀,၀၀၀ ကျော် ပြသသွားမည်ဖြစ်သည်။
ပြပွဲ၏စိတ်ဝင်စားဖွယ်ရာအစီအစဥ်တစ်ခုအဖြစ် Polaroid လက်ရာများပြသမှုလည်း ပါဝင်သည်။ ဂျာမနီဓာတ်ပုံဆရာမ Stefanie Schneider ၏ လက်ရာများလည်း ပြသထားမည်ဖြစ်ပြီး ဘယ်လ်ဂျီယမ်ဓာတ်ပုံဆရာ Carmen De Vos နှင့် ဗြိတိသျှဓာတ်ပုံဆရာမ Clare Marie Bailey တို့လည်း ပြပွဲသို့ ကိုယ်တိုင်တက်ရောက်ကြမည်ဖြစ်သည်။
ယခုနှစ်ပြပွဲတွင် သင်တန်းအစီအစဥ်တစ်ခု စတင်လုပ်ဆောင်မည်ဖြစ်ပြီး ပြခန်း၏စွမ်းဆောင်ရည်များ မြှင့်တင်ရန် အတွက် တက်ရောက်သူများအတွက် ဖိန်ရောင်နှင့် ဂျာမနီနိုင်ငံ Bottrop မြို့တွင် သင်ကြားပို့ချမှုရော အတွေ့အကြုံလက်ဆင့်ကမ်းခြင်းပါ သင်ကြားရန်ကမ်းလှမ်းထားကြောင်းသိရသည်။
လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ဖိန်ရောင်နိုင်ငံတကာဓာတ်ပုံပြပွဲတွင် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်မှ ဓာတ်ပုံပေါင်း ၃၀၀,၀၀၀ ကျော် ပြသနိုင်ခဲ့ပြီး ရှေးဟောင်းမြို့ဆီသို့ တရုတ်နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ လာရောက် လည်ပတ်သူ သန်းနှင့်ချီ ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
International photography festival in north China features over 20,000 works
TAIYUAN, Sept. 20 (Xinhua) — The 25th Pingyao International Photography Festival kicked off Friday in the ancient city of Pingyao, a UNESCO World Cultural Heritage site in north China’s Shanxi Province, known for its well-preserved ancient architecture.
Themed “Breaking Boundaries, Intelligent Insights into the Future,” the five-day festival has drawn more than 5,000 photographers from 34 countries and regions, as well as from 25 provinces, municipalities and autonomous regions across China, with over 20,000 works submitted for the exhibition.
Highlights of the festival include a showcase of Polaroid works. Belgian photographer Carmen De Vos and British photographer Clare Marie Bailey are attending the festival in person, while works by German photographer Stefanie Schneider are also on display.
A training program has also been launched at this year’s festival, offering participants both instruction and hands-on experience in Pingyao and Bottrop, Germany, to enhance their curatorial skills.
Over the past 25 years, the Pingyao International Photography Festival has exhibited more than 300,000 works from over 100 countries and regions, attracting millions of visitors from home and abroad to the ancient city.
Photo : People visit a photo show during the 24th Pingyao International Photography Festival in Pingyao County, north China’s Shanxi Province, on Sept. 19, 2024. (Xinhua/Chen Zhihao)